ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်ပြည်နယ်လုံခြုံရေး နဲ့ပတ်သက်ပြီး သံဃာတော်တွေ၊ ပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တွေမြို့ခံတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်နယ် ရဲမှူးကြီး ဦးနေမျိုးက အခုလိုပြောခဲ့တာပါ။
“ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ဆိုရင် ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေ မရှိ လို့မပါဘူး၊တပ်မတော်ဆိုတာလည်း မရှိလို့မရပါဘူး ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော် မရှိလို့ရှိရင် ဒီဒေသကြီးဒီလိုဆက်ပြီး တည်ငြိမ်အေးချမ်းနေဖို့ဆိုတာ အများကြီးခက်ခဲပါတယ် ၊လက်ရှိအခြေအနေ နဲ့ပေါ့နော်၊ဘယ်သူက ဘာမှမလုပ်ပေးဘူးဆိုရင် ပိုသိသာတယ်”
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဒေသခံတွေနဲ့ INGO တွေအကြားဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဒေသ တွင်း ဝင်ရောက်အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှု အဖွဲ့အစည်းတွေအနေ နဲ့ နိုင်ငံ တကာစည်းမျဉ်း စည်းကမ်းတွေ လိုက်နာဖို့လိုသလို ဒေသရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့တွေကို အလေးထားဖို့ကို လည်း ဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese

No comments:
Post a Comment