ကမ္ဘာ့ ထိပ်တန်း တွေးခေါ်သူများ စာရင်းတွင် နံပါတ် (၁၅) အဖြစ် ဒေါက်တာသန့်မြင့်ဦး အရွေးချယ်ခံရ

ဗြိတိန်နိုင်ငံထုတ် Prospect မဂ္ဂဇင်း၏ ၂၀၁၄ ခုနှစ် ကမ္ဘာ
့ထိပ်တန်းတွေးခေါ်သူ (၅၀) ဦးစာရင်း တွင် နံပါတ် (၁၅) အဖြစ် ရန်ကုန်
မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေး အဖွဲ့ 
တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာသန့်မြင့်ဦး အရွေးချယ် ခံရကြောင်း
အဆိုပါ မဂ္ဂဇင်း၏ ထုတ်ပြန်ချက်အရ သိရ သည်။အဆိုပါ မဂ္ဂဇင်းသည် လက်ရှိကမ္ဘာ ပေါ်
တွင် အဓိက ကြုံနေရသည့် ပြဿနာများကို ရင်ဆိုင်ရာတွင် ပြည်သူလူထုအကြား အသိ
ပညာရှင်များ၏ အခန်းကဏ္ဍကို သိသာထင် ရှားအောင် မီးမောင်းထိုးပြနိုင်သည့်
နိုင်ငံတကာ ရှိ ထိပ်တန်းတွေးခေါ်သူများကို နှစ်စဉ် စာရင်း ပြုစု လျက်
ရှိသည်။ ၂၀၁၄ ခုနှစ်၏ ကမ္ဘာ့  ထိပ်တန်းတွေးခေါ်သူ (၅၀)ဦးကို မတ်လ အတွင်းက
ဆန်ကာတင် ရွေးချယ်ကာ ကမ္ဘာ့  အရေးပါဆုံး တွေးခေါ် သူကို စာဖတ်သူများက
အွန်လိုင်းမှ မဲပေးရွေးချယ်ကြရန် ကြေညာခဲ့ သည်။
““ဒီလိုရွေးချယ်ခံခဲ့ရတဲ့အတွက် မြန်မာ နိုင်ငံပေါ်မှာ သာမက ရန်ကုန်မြို့မှာ
ရင်ဆိုင်နေရ တဲ့ စိန်ခေါ်မှုတွေနဲ့ ရရှိထားတဲ့ အခွင့်အလမ်း တွေပေါ်မှာ
ပိုပြီးနားလည်သဘောပေါက်လာ ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ရန်ကုန်
မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ ရဲ့ အရေးကြီးတဲ့
လုပ်ဆောင်ချက်တွေ ကိုလည်း ပိုပြီး အားပေး ထောက်ခံလာကြမယ် လို့လည်း မျှော်
လင့် ပါတယ်””ဟုဒေါက်တာသန့် မြင့်ဦးက ပြောသည်။ ကမ္ဘာ့ ထိပ်တန်းတွေးခေါ်သူ
(၅၀)ဦး စာရင်းကို ကမ္ဘာ အနှံ့မှ စာဖတ်သူပေါင်း (၇၀၀၀)ခန့်က မဲပေးခဲ့ကြပြီး၊
လူမှုကွန်ရက် များဖြစ်သော Twitter နှင့် Facebook တို့ မှလည်း
အများအပြားမဲပေးခဲ့ကြကြောင်း သိရသည်။
The Messenger
No comments:
Post a Comment