Saturday, April 19, 2014

သင်္ကြန်ရေကစားအပြန် ကားတိမ်းမှောက်၍ မာန်အောင်မြို့နယ်တွင် တစ်ဦးသေ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တွင် ရေကစားပြီး ပြန်လာသော ကားတစ်စီး ယမန်နေ့က မတော်တဆ တိမ်းမှောက်သွားရာမှ လူတစ်ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။
“မာန်အောင်မြို့နယ် ကမားကျေးရွာ ရေကစားမဏ္ဍပ်က ရေကစားအပြီး ပြန်လာတဲ့ကား ကြက်ရိုးကျေးရွာ သာသနာ အလင်းရောင်ကျောင်းရှေ့ လမ်းကွေ့မှာ တိမ်းမှောက်သွားတဲ့ အတွက် လူတစ်ဦးသေပြီး ဆယ်ဦးခန့် ဒဏ်ရာ ရသွားပါတယ်” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ဖုံးထဲမှ ပြောသည်။
သေဆုံးသွားသူမှာ တစ်ဝ ကျေးရွာက မောင်တင်အေးဖြစ်ကြောင်း သူက ဆိုသည်။ ကားတိမ်းမှောက်စဉ် ကားပေါ်မှာ လူ ၂၀ ခန့် ပါလာသည်ဟု သိရသည်။
Narinjara 

No comments:

Post a Comment