အငယ်တန်းစာရေးထက်ပင် နိမ့် သော ရာထူးနိမ့်အဆင့်တွင်ရှိထားသည့် နေ့စား၊
လပေးမူလတန်းဆရာ၊ ဆရာမနေရာများတွင် ပါရဂူဘွဲ့ရများကို ထည့် သွင်းခေါ်ယူနေမှု
အပေါ် ပညာရေးအသိုင်းအဝိုင်းက မဖြစ်သင့်ဟုဆိုသော
ဝေဖန်မှုများရှိလာနေပြီဖြစ်သည်။ ပြီးခဲ့သောလမှစကာ အခြေခံပညာ ကျောင်းများ၌
လစ်လပ်နေသော နေ့ စား၊ လပေး မူလတန်းပြဆရာ၊ ဆရာမ များနေရာတွင် ပါရဂူဘွဲ့၊
မဟာဘွဲ့ရများ ခေါ်ယူနေမှုကို ပြည်နယ်နှင့်တိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့က
ပြုလုပ်ခဲ့မှုအပေါ် ပညာရေး အသိုင်းအဝိုင်းက ထိုသို့ပြုလုပ်လိုက်ခြင်းဖြစ်သည်။
”ဒီနေရာအတွက် ဒါပဲတန်တယ်လို့ ကြေညာလိုက်သလို ထင်မိတယ်”ဟု အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ အတည်ခန့်ဆိုလျှင်ပင်မှ အပြစ် ဟူ၍ ပြော စရာမရှိဘဲ နေ့စား၊ လပေး အသုံးအနှုန်းနှင့် ခေါ်ယူမှုအပေါ် တအံ့တသြဖြစ်ရပါကြောင်း ၎င်းက ဆက်ပြောသည်။ ”ပါရဂူဘွဲ့ဆိုတာမျိုးက ဘာသာ ရပ်တစ်ခုအပေါ်မှာ ကျွမ်း ကျင်တတ် မြောက်သူ။ သူက အကုန်လုံးတတ်တာ မဟုတ်ဘူး။ မြေပြင်စီမံခန့်ခွဲမှုကို ပိုင်နိုင် ပါ့မလား။ ဒီမူလတန်းအဆင့်ဆိုတာမျိုးက သင်တန်း ကျကျနနပေးပြီးမှသာ ကိုင်တွယ်ခိုင်းသင့်တဲ့ နည်းအစား ဘာနည်းလမ်းနဲ့မှ မရဘူး”ဟု ၎င်းကပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရအဖွဲ့တို့ကို စီမံခန့်ခွဲခွင့်နှင့် ခန့်ထားပိုင်ခွင့်အား ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပြီးနောက် ထိုအစိုးရအဖွဲ့တို့က ခေါ်ယူမှုပြုရာတွင် ပါရဂူ ဘွဲ့၊ မဟာဘွဲ့ နှင့် ရိုးရိုးဘွဲ့၊ ကိုးတန်းအောင် စသည် ဖြင့် အသက်အရွယ် အကန့်အသတ်ဖြင့် ခေါ်ယူမှုကို ပြုခဲ့ကြသည်။တက္ကသိုလ် ဆရာ၊ ဆရာမအသင်း မှ ဆရာ တစ်ဦးက ”မူလတန်းအဆင့်မှာ ပါရဂူမသင်ရဘူးလို့ မပြောလိုပါဘူး။ ဝါသနာပါရာပေါ့ဗျာ”ဟု ပြောသည်။
PN-051
Popular Myanmar News

No comments:
Post a Comment