Wednesday, April 16, 2014

သင်္ကြန်လည်ပတ်စဉ် လူစုကွဲကျန်ခဲ့ပြီး နေရပ်မပြန်တတ်သူ မိန်ကလေးအား ကူညီစောင့်ရှောက်ကာ အုပ်ထိန်းသူထံပြန်လည်အပ်နှံ

၁၅.၄.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန် ဆိပ်ကမ်းမြို့နယ်၊ မိသားစုရပ်ကွက်၊ ပန်းဆိုးတန်းဆိပ်ကမ်းရှိ ကျန်းမာရေးဗောတံတားကမ်းစပ်တွင် အပန်းဖြေ
နေသောAA-8557ပရိုဘောက်အဖြူရောင် အငှားယာဉ်မောင်း ဦးအေးမြင့်နှင့်
အဖွဲ့ထံသို့ အမျိုးသမီးငယ်တစ်ဦးရောက်ရှိလာပြီး ၎င်းသည် ကန်တော်ကြီး
တွင် သင်္ကြန်လည်နေရာမှ အဖော်များနှင့်လူစုကွဲသွားကာ ပန်းဆိုးတန်း
ဆိပ်ကမ်းသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်သို့ပြန်ရန်အတွက် အကူအညီပေးပါရန် တောင်းခံလာသဖြင့် ဦးအေးမြင့်အဖွဲ့နှင့် လုံခြုံရေး
တာဝန်ကျ ရဲတပ်ကြပ် ကျော်တင်မောင်တို့မှ ဆိပ်ကမ်းမြို့မရဲစခန်းသို့ ပို့အပ်ကာ ကူညီစောင့်ရှောက်ထားရှိခဲ့ပါသည်။

၎င်းအမျိုးသမီးငယ်မှာ ဗာန်လာလ်ရှက်စ်(ခ)မခင်မိုးဆွေ (၁၈)နှစ်၊ အလှပြင်
ဆိုင်လုပ်ငန်း၊ (ဘ)ဦးရွှေကုန် ဖြစ်ပြီး ၁၅.၄.၂၀၁၄ရက်နေ့ ၁၇၀၀အချိန်ခန့်တွင် သင်္ကြန်လည်စဉ် လူစုကွဲသွား ခြင်းဖြစ်ကြောင်း၊ ၎င်း၏အလှပြင်ဆိုင်
ဆရာမမှာဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ရတနာလမ်းနေ
ဒေါ်ပိုးဖြူဖြူစိုးဖြစ်ကြောင်းနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ်ရရှိခဲ့၍ဆက်သွယ်စုံစမ်း
စိစစ်ခဲ့ရာ မှန်ကန်ကြောင်းသိရှိရသည့်အတွက် ပြန်လည်အပ်နှံပေးနိုင်ရေး
ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၂၀၀အချိန်တွင် ဗာန်လာလ်ရှက်စ်(ခ)မခင်မိုးဆွေ အလုပ်လုပ်ကိုင်သည့် အလှပြင်ဆိုင်ဆရာမဖြစ်သူ ဒေါ်ပိုးဖြူဖြူစိုး၊ နန်းထိုက်အောင်အလှပြင်ဆိုင်၊ (ဘ)ဦးခင်စိုးမှ ရဲစခန်းသို့ လာရောက်
ခေါ်ဆောင်သဖြင့် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment