ပြည်လမ်းရှိ Alpine ရေကစားမဏ္ဍပ်ရှေ့၌ ရေကစားနေသော အမျိုးသမီး
ထံမှ ဆွဲကြိုးဖြတ်လုယက်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ သန်လျင်မြို့နယ်နေ မနွယ်နွယ်ဟန်သည် အဆိုပါရေကစား
မဏ္ဍပ်ရှေ့၌ရေကစားနေစဉ် အနီးရှိအမျိုးသားတစ်ဦးမှ ၎င်း၏လည်ပင်းတွင်
ဆွဲထားသော အလေးချိန်(၈)ပဲ(၂)ရွေးခန့်ရှိ ရွှေဆွဲကြိုး(၁)ကုံး၊ တန်ဖိုး
(၃၅၀၀၀၀)ကျပ်ခန့်အား ဆောင့်ဆွဲကာဖြတ်ယူထွက်ပြေးသဖြင့် အော်ဟစ်
အကူအညီတောင်ခံခဲ့ရာ မဏ္ဍပ်ရှိလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်လှိုင်မြို့မရဲစခန်း နယ်ထိန်းတပ်ဖွဲ့ဝင်များမှ ဆွဲကြိုး လုယက်သူအမျိုးသားကို လိုက်လံဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူအား စစ်ဆေးရှာဖွေရာ ကိုကိုလွင်၊ (၂၄)နှစ်၊ (ဘ)ဦးသိန်းမြင့်၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ် နေသူဖြစ်ပြီး ၎င်းဝတ်ဆင်ထားသော ဂျင်းဘောင်းဘီနောက် ယာဘက်အိတ်ကပ်အတွင်းမှ ၎င်းဖြတ်ယူ ထွက်ပြေး
သည့် ရွှေဆွဲကြိုးအပြတ်အား ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။
ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူ ကိုကိုလွင်အား လှိုင်မြို့မရဲစခန်း(ပ)၁၉၇/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:
Post a Comment