အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကာလအတွင်း နိုင်ငံတကာမှ အကြမ်းဖက်သမားများနှင့် လုံခြုံရေးစည်းကို ကျိုးပေါက်အောင် လုပ်ဆောင်မည့်သူများ၊ ရာဇ၀တ်သားများ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်မလာနိုင်စေရန် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) မှ ရဲတပ်ဖွဲ့ဝင် ကိုးဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လာရောက်ပူးပေါင်း ကူညီပေးနေကြောင်း နေပြည်တော်ရဲချုပ်ရုံးမှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးကေ
“စစ်ဆင်ရေးမှာ အင်တာပိုလ်မပါပေမယ့် တစ်ခုခုပြဿနာဖြစ်တာ၊ အခက်အခဲဖြစ်တာနဲ့ တစ်ပြိုင်တည်း စစ်ဆင်ရေးထဲကို အင်တာပိုလ်ကအရာရှိတွေကို လှမ်းချိတ်ဆက်လိုက်ရုံပါပဲ။ အင်တာပိုလ်ကတော့ ရန်ကုန်လေဆိပ်မှာ Stand by (အဆင်သင့်) ရှိနေမှာပေါ့” ဟု ၎င်းက ပြော ကြားသည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လုံခြုံရေးအင်အားကို ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ အရန်မီးသတ်တပ်ဖွဲ့များ အပါအ၀င် အင်အား ၂၅၀၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်မြတ်မိုးက ပြောထားသည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးနှင
ရန်ကုန်၊ မန္တလေး၊ နေပြည် တော်နှင့် ငွေဆောင်တို့တွင်လည်း ဆီးဂိမ်းကျင်းပမည့်နေရာများနှင်
“ဒီဇင်ဘာ ၁၀ ရက် မတိုင်မီ အင်တာပိုလ်အရာရှိ နောက်ထပ်လေးယောက် ထပ်ရောက်ပါမယ်။ နေပြည်တော်မှာတော့ ရဲချုပ်ကိုယ်တိုင် နေ့တိုင်း ကစားပွဲကျင်းပမယ့်ကွင်းတွေအထိ ဆင်းကြည့်ပါတယ်။ အင်တာပိုလ်နဲ့ ပူးပေါင်းပြီးလုပ်သလို အာဆီယံပိုလ် (Aseanpol) နဲ့လည်း နိုင်ငံအချင်းချင်း သတင်းတွေ အဆတ်မပြတ် ဖလှယ်နေပါတယ်။ ခုထိတော့ အနှောင့်အယှက်တစ်စုံတစ်ရာ မတွေ့သေးပါဘူး” ဟု ၎င်းက ပြောကြားသည်။
အင်တာပိုလ်သည် မြန်မာအပါအ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံလုံးတွင် အကြမ်းဖက်ရာဇ၀တ်ကောင်များ ပူးပေါင်းထောက်လှမ်းရေးကို တစ်ပြိုင်တည်းလုပ်ဆောင်နေခြင်ြး
from 7Day News Journal
No comments:
Post a Comment