မြန်မာနိုင်ငံအတွင်း တိုင်းရင်း သားလူမျိုးတိုင်း အောက်မေ့ဖွယ်
အထိမ်းအမှတ်နေ့များအဖြစ် ဒေသ အလိုက် အခမ်းအနားများ ပြုလုပ် ကျင်းပခြင်းသည်
မြန်မာနိုင်ငံ၏ ဦးတည်ချက်သုံးရပ်ကို ထိပါးရိုက် ခတ်လာစေရန် ရည်ရွယ်ကျင်းပ
ခြင်းမဟုတ်ဘဲ ၄င်းတို့၏ထူးခြား ရက်စွဲတစ်ခုအပေါ်တွင် အောက်မေ့ တမ်းတခြင်းအပေါ် အခြေခံကာ ပြု လုပ်ကျင်းပရခြင်းသာဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကဆိုသည်။
အထိမ်းအမှတ်နေ့စွဲများတွင် ယခုလ ၃၁ ရက်၌ ကျရောက်လာ မည့် ရခိုင်လူထုတစ်ရပ်လုံး၏အချုပ် အခြာအာဏာ ကျဆုံးသောနေ့နှင့် ပတ်သက်၍ ''ယခင်အစိုးရလက် ထက်အဆက်ဆက်မှာ ကျွန်တော် တို့ တိုင်းရင်းသားလူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်တွေထဲမှာ တိုင်းရင်း သားရိုးရာပွဲတွေကလွဲရင် ဒီလိုမျိုး တိုင်းရင်းသားတွေရဲ့ စိတ်ခံစားမှု အရ သတ်မှတ်ထားရှိတဲ့နေ့တွေကို ပြုလုပ်ခွင့်မရရှိခဲ့ပါဘူး။ အခုအချိန် မှာတော့ ယခင်လိုမျိုး ပိတ်ပင် တားဆီးတာတွေမရှိတော့ပါဘူး'' ဟုပြောသည်။

ထိုသို့ တိုင်းရင်းသားလူမျိုးများ ၏ မည်သို့သောအထိမ်းအမှတ်နေ့ ရက်ပင်ဆိုစေ ပြုလုပ်ကျင်းပခွင့်ရရှိ ခြင်း၊ မရရှိခြင်း စသည့်အခြေအနေ များတွင် ဒေသဆိုင်ရာအာဏာပိုင် များအနေဖြင့် ပိတ်ပင်တားမြစ်ခြင်း များမရှိသကဲ့သို့ ပြုလုပ်ဆောင်ရွက် ကျင်းပရန်အတွက်လည်းတရားဝင် ခွင့်ပြုချက်ပေးထားခြင်းများ မရှိ ကြောင်းလည်းသိရသည်။
ရခိုင်တိုင်းရင်းသားလူမျိုးများ
from The Union Daily
No comments:
Post a Comment