၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ တ်ာအစိုးရ
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန တို့ သည်
နိုင်ငံတော်အစိုးရမှ အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသော နိုင်ငံတော်
ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လျင်မြန် စွာ
ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေး နည်းပညာဖြင့် အထောက်
အကူပြုနိုင်စေရန်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေး ကဏ္ဍတွင်
ပြည်တွင်း ပြည်မှ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်း
များအနေဖြင့် အခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့် ယှဉ်ပြိုင်မှု များ
ဆောင်ရွက်နိုင်စေရန် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့်
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ
လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေး စက်ပစ္စည်း များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊
တင်သွင်းရော်းချခြင်တိးု့အတွက် စနစ် တကျ ဖြစ်စေခြင်း၊
လုပ်ထုံးလုပ်နည်းများကို တစ်ဆင့်ချင်း ဖြေလျှော့ပေးခြင်းတို့ကို
ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ တချို့သော ပုဂ္ဂိုလ်၊ ဌာန၊
အဖွဲ့အစည်းများသည် လိုင်စင် မရှိဘဲ၊ ခွင့်ပြုချက်မရှိဘဲ
ဆက်သွယ်ရေးဝန်ဆောင်မှုများကို လုပ်ကိုင်ခြင်းနှင့် ကန့်သတ်စက်ပစ္စည်းများ
ဖြစ်သော လမ်းလျှောက် စကားပြောစက် ( Walkie-Talkie) များ၊ HF/VHF
ရေဒီယိုလွှင့်ဖမ်းစက်များ အသုံးပြုခြင်း၊ Repeater များ
အသုံးပြုခြင်းများကို တွေ့ရှိလာရပါသည်။ ထိုသို့တရားမဝင် ဝန်ဆောင်မှုများ
ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေး ပစ္စည်းများကို အသုံးပြုခြင်းတို့ကြောင့်
အဆိုပါစက်ပစ္စည်းများမှ ထုတ်လွှင့်သော ရေဒီယိုလှိုင်းနှုန်းများသည်
တရားဝင်ခွင့်ပြုထားသော ဝန်ဆောင်မှုလုပ်ငန်းများ၏ စက်ပစ္စည်းများကို
လာရောက်နှောင့်ယှက် သဖြင့် ဝန်ဆောင်မှုအရည်အသွေးကို ကျဆင်းစေ ပါသည်။ တရားဝင်
လိုင်စင်ဖြင့် ကိုင်ဆောင်သည့် ရေဒီယိုလှိုင်းနှုန်း သတ်မှတ်ပေး ထားခံရသည့်
ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများ၏ ဆက်သွယ်ရေး စနစ်ကိုပါ နှောင့်ယှက်သဖြင့်
လုပ်ငန်းများကိုများစွာ အနှောင့် အယှက် ဖြစ်စေပါသည်။၃။ သို့ဖြစ်ပါ၍ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ပြဌာန်းပြီးဖြစ်သည့် ဆက်သွယ်ရေး ဥပဒေနှင့်အညီ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လိုပါက တရားဝင် လိုင်စင် လျှော်ကထားရယူရမည် ဖြစ်ပါသည်။ လိုင်စင်မရှိဘဲ ခွင့်ပြုချက် မရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်ခြင်း၊ လိုင်စင်ဖြင့်သာ ခွင့်ပြုသော ဆက်သွယ်ရေး စက်ပစ္စည်းများကို လိုင်စင်မရှိဘဲ ကိုင်ဆောင် အသုံးပြုခြင်း မပြုလုပ်ကြပါရန်နှင့် တာဝန်ရှိသူများမှ စစ်ဆေးသည့်အခါ လိုင်စင်မရှိဘဲ ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်ခြင်း၊ ဆက်သွယ်ရေး စက်ပစ္စည်းများ ကိုင်ဆောင်အသုံးပြုခြင်းကို တွေ့ရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူခံရမည် ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။
ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာန
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
MOI Webportal Myanmar
No comments:
Post a Comment