၁၉၈၃ ခုနှစ်တွင် မြောက်ကိုရီးယားသူလျှို၏ ဗုံးဖောက်ခွဲလုပ်ကြံမှုကြောင့်
ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် သေဆုံးခဲ့ရသည့် တောင်ကိုရီးယားနိုင်ငံသား
၁၇ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးအား ရည်စူး၍ အထိမ်းအမှတ်ကျောက်တိုင်
တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံနှင့်
တောင်ကိုရီးယားနိုင်ငံတို့ ဒီဇင်ဘာ ၃၀ ရက်က သဘောတူလက်မှတ်
ရေးထိုးခဲ့ကြောင်း တောင်ကိုရီးယားသတင်းစာ Chosunilbo ၏ ဖော်ပြချက်အရ
သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံတမန် Lee Baek-soon နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးရုံးမှ ဦးသူရိန်သန့်ဇင်တို့က သဘောတူညီမှု လက်မှတ်ကို ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံတမန် Lee Baek-soon နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးရုံးမှ ဦးသူရိန်သန့်ဇင်တို့က သဘောတူညီမှု လက်မှတ်ကို ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
from EMG
No comments:
Post a Comment