Tuesday, December 31, 2013

လွတ်ငြိမ်းချမ်သာခွင့် စစ်ကိုင်းတိုင်းအတွင်းမှ ဆယ်ဦးလွတ်

အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများကို ဒီဇင်ဘာ၃၁ရက်နေ့တွင် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပြုရာ စစ်ကိုင်းအတွင်းရှိ အကျဉ်းထောင်များမှ ၁၀ဦးလွတ်မြောက်လာကြောင်း စစ်ကိုင်းတိုင်း အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

လွတ်မြောက်လာသူများသည် ကသာ အကျဉ်းထောင်က (၃)ဦး၊ ခန္တီးအကျဉ်းထောင်
မှ (၃)ဦး၊ကလေးအကျဉ်းထောင်မှ (၃)ဦးနှင့်ရွှေဘိုအကျဉ်းထောင်မှ (၁) ဦး စုစုပေါင်း စစ်ကိုင်းတိုင်းအတွင်း(၁၀)ဦး လွတ်မြောက်လာခြင်းဖြစ်သည်။

from မဇ္ဈိမသတင်းဌာန

No comments:

Post a Comment