မြန်မာနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသ ည်
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ သွားရောက်၍ ပါတီတွင်းစည်းရုံးရေး
လုပ်ငန်းစဉ်များအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီဆန်းမှစတင်၍
လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ရန် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲပါ ပါတီတွင်းဖြန့်ဝေသောစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အဆင့်ဆင့်သော စည်းရုံးရေးအဖွဲ့များ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ပြည်နယ်/ တိုင်းဒေသကြီးအလိုက် တာဝန်ပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ယူရမည့်သူများမှာ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဥာဏ်ဝင်းသည် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအားလည်းေ ကာင်း၊ ဦးကျော်ခင်သည် ကယားပြည်နယ်အားလည်းကောင်း၊ ဦးဟံသာမြင့်သည် ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအားလည်းကော င်း၊ ဒေါ်ခင်ဋ္ဌေးကြွယ်သည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအားလည်းကော င်း၊ ဦးဝင်းမြင့်သည် ဧရာဝတီတိုင်းဒေသကြီးအားလည်းကောင်း၊
ဦးထွန်းထွန်းဟိန်သည် ရှမ်းပြည်နယ်အားလည်းကောင်း၊ ဦးအုန်းကြိုင်နှင့်
ဦးဝင်းထိန်သည် မန္တလေးတိုင်းဒေသကြီး အားလည်းကောင်း၊
ဒေါက်တာဇော်မြင့်မောင်သည် ကချင်ပြည်နယ်အားလည်း ကောင်း၊
ဒေါက်တာမျိုးအောင်သည် ပဲခူးတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီးအားလည်းကော င်း၊ ဒေါက်တာဒေါ်မေ၀င်းမြင့်သည် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအားလည်းကောင်း၊ ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အားလည်းကောင်း၊ ဒေါက်တာအောင်မိုးညိုသည် မကွေးတိုင်းဒေသကြီးအားလည်းကောင်း၊ ဦးညီပုသည် ရခိုင်ပြည်နယ်အားလည်းကောင်းတို့ ဖြစ်ကြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၁၅ ဦးတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မပါကျန် ၁၄ ဦးမှာ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခု စီအား သတ်သတ်မှတ်မှတ် တာဝန်ယူ၍ မြို့နယ်၊ ခရိုင်အလိုက် စည်းရုံးရေးကိစ္စများ၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများ၊ အခြားအရပ်ရပ်သော ကိစ္စနှင့်ပတ်သက်၍ ထိတွေ့ဆက်ဆံကာ မျက်ခြည်မပြတ်လှုပ်ရှားမှုရှိနေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်
လုပ်ငန်းစဉ်များအား ဇန်န၀ါရီလဆန်းတွင် စတင်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း
ဧရာဝတီတိုင်းဒေသကြီးအား တာဝန်ယူထားသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။
"လက်ရှိစည်းရုံးရေး ကိစ္စလေးတွေကိုလုပ်နေတဲ့ အလုပ်အမှုဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေကို သွားကြည့်မယ်။ ဆွေးနွေးမယ်။ တိုင်ပင်မယ်။ အကြံဥာဏ်ပေးမယ်။ အဲဒီသဘောပါပဲ။ သူတို့လုပ်ငန်းကို တိုက်ရိုက်ဝင်စွက်ဖက်ဖို့တော့ မဟုတ်ဘူးပေါ့။ စည်းရုံးရေးလေးတွေ နည်းနည်းကျဆင်းနေတဲ့ သဘောမျိုးပေါ့ဗျာ။ အဲဒါလေးတွေတွေ့ရတဲ့အတွက် ကိုယ်ကစီအီးစီအနေနဲ့ လက်တွေ့ကွင်းဆင်းပြီးတော့မှ ဆောင်ရွက်ပေးတဲ့သဘောပါ။ သတ်သတ်မှတ်မှတ်တာဝန်တို့ လုပ်ပိုင်ခွင့်တို့ပေးထားတာမျိုး မဟုတ်ပါဘူး"ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်က ပြောကြားသည်။
ထို့အပြင် အချို့ဒေသများတွင် စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သ က်၍
မကျေလည်မှုများရှိကာ အရေးယူဆောင်ရွက်ရာတွင် ချွတ်ချော်နေမှုများရှိနေပြီး
ပြန်လည်စစ်ဆေးရန်နှင့် ပါတီတွင်းတိုင်စာများ များပြားပါက စစ်ဆေးပေးရန်
ယခုကဲ့သို့ တာဝန်ခွဲဝေ၍ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြော င်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သ ည်
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရားဝင်ပါတီအဖြစ်
ပါတီမှတ်ပုံပြန်လည်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပါတီညီလာခံကျင်းပရန် ပါတီတွင်း ရပ်/
ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်
ညီလာခံကျင်းပမှုများ လုပ်ဆောင်ရာတွင် ညီလာခံကိုယ်စားလှယ် ရွေးချယ်ရာ၌
ပါတီဝင်အသစ်နှင့် အဟောင်းများအကြား သဘောထားကွဲလွဲမှုအချို့ရှိခဲ့ ပြီး
ပါတီဝင်အဖြစ်မှ နုတ်ထွက်သွားသည်အထိ ဖြစ်ပေါ်မှုများရှိခဲ့သည်။
from EMG
ထိုသို့ လုပ်ဆောင်ရန် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲပါ ပါတီတွင်းဖြန့်ဝေသောစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ယူရမည့်သူများမှာ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၁၅ ဦးတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မပါကျန် ၁၄ ဦးမှာ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခု
"လက်ရှိစည်းရုံးရေး ကိစ္စလေးတွေကိုလုပ်နေတဲ့ အလုပ်အမှုဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေကို သွားကြည့်မယ်။ ဆွေးနွေးမယ်။ တိုင်ပင်မယ်။ အကြံဥာဏ်ပေးမယ်။ အဲဒီသဘောပါပဲ။ သူတို့လုပ်ငန်းကို တိုက်ရိုက်ဝင်စွက်ဖက်ဖို့တော့ မဟုတ်ဘူးပေါ့။ စည်းရုံးရေးလေးတွေ နည်းနည်းကျဆင်းနေတဲ့ သဘောမျိုးပေါ့ဗျာ။ အဲဒါလေးတွေတွေ့ရတဲ့အတွက် ကိုယ်ကစီအီးစီအနေနဲ့ လက်တွေ့ကွင်းဆင်းပြီးတော့မှ ဆောင်ရွက်ပေးတဲ့သဘောပါ။ သတ်သတ်မှတ်မှတ်တာဝန်တို့ လုပ်ပိုင်ခွင့်တို့ပေးထားတာမျို
ထို့အပြင် အချို့ဒေသများတွင် စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သ
from EMG
No comments:
Post a Comment