လွှတ်တော်များ၏
ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်
ဒုတိယရှေ့နေချုပ် ဦးဆောင်သည့် ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
လုပ်ငန်းကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ဥပဒေပြု လွှတ်တော်များသည် ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ လက်ခံရရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည်အထိ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းကော်မတီကို ဒုတိယရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ်
ဦးဆောင်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများဖြင့်
ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ဥပဒေပြု လွှတ်တော်များသည် ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ လက်ခံရရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည်အထိ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
ယင်းကော်မတီသည် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ဥပဒေရေးရာ အကြံဥာဏ် တောင်းခံပါက ဥပဒေရေးရာ အကြံဥာဏ်ပေးခြင်း၊ အတည်ပြုပြီးသော ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေအဖြစ် ထုတ်ပြန်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတော်သမ္မတထံ ပေးပို့လာပါက လက်မှတ်ရေးထိုးနိုင်ရေး သုံးသပ်အကြံပြုပေးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
from EMG
No comments:
Post a Comment