Friday, December 6, 2013

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

၅-၁၂-၂၀၁၃ ရက်နေ့ ၁၉၅၅ အချိန် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြင်ဖြူစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သာစည်ရွာအနီး၊ ပြင်ဖြူရွာနှင့် သာစည်ရွာသွားကားလမ်း၌ စောင့်ဆိုင်းနေစဉ် မောင်တောမြို့၊ အီတာလျံကျေးရွာအုပ်စု၊ ဘာဆူရွာနေ မိုဟာမက်အစ်္စမိုင်(၃၈)နှစ်အား ဆာလာအိတ်(၁)လုံးထမ်းလျက်တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ဆာလာအိတ်အတွင်း ထည့်၍သယ်ဆောင်လာသည့်
ဖရဲသီးအတွင်း ကြွပ်ကြွပ်အိတ်ဖြင့်ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ ပြား၊ R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၁၀ ပြား၊ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၈ ပြား၊ စုစုပေါင်းဆေးပြား(၉၈၅၈)ပြား၊ တန်ဘိုးငွေကျပ် (၂၄၆၄၅၀၀၀ိ/-) သိမ်းဆည်းရမိခဲ့သောကြောင့် မိုဟာမက်အစ္စမိုင်အား ဥပဒေအရအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

from ရဲဇာနည်

No comments:

Post a Comment