မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းထားသော ကလေးသူငယ် ဥပဒေသည်
ကုလသမဂ္ဂက ထုတ်ပြန်သော ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာချုပ်
သဘောတူလက်မှတ် ရေးထိုးထားသော အခွင့်အရေးပါ အချက်အလက်များနှင့်
ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ SBC တာဝါ၌
ပြုလုပ်သော လူတိုင်းအကျုံးဝင် အခြေခံပညာရေးနှင့် ကလေးသူငယ် အခွင့်အရေးများ
ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် အလုပ်ရုံဆွေးနွေးပွဲမှ Ratna Mahal,
Education Care Group ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ပြောကြားသည်။
“ကလေးသူငယ် အခွင့်အရေးတွေအတွက် ဥပဒေတွေမှာ ကုလသမဂ္ဂက ထုတ်ပြန်ရေးဆွဲထားတဲ့ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့က ကွဲလွဲနေတာတွေ တွေ့ရတယ်။ ခေတ်ကာလနဲ့ မကိုက်တာတွေ၊ ကလေးသူငယ် အခွင့်အရေးနဲ့ ကိုက်ညီမှု မရှိတာတွေ၊ ဗဟိုအာဏာ ချုပ်ကိုင်ထားတာတွေကို အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့ တင်ပြသွားမှာပါ။ တကယ်ဆို ကုလသမဂ္ဂက ထုတ်ပြန်ချက်အတိုင်း မည်သည့်အဖွဲ့အစည်းတွေမဆို ပြည်သူလူထုတိုင်း ပူးပေါင်းပြီး ကလေးသူငယ်တွေအတွက် အမှန်တကယ် လိုက်နာဆောင်ရွက်သင့်တယ်” ဟု ဦးကျော်သန်းထွန်းကဆိုသည်။
ကုလသမဂ္ဂ
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာချုပ်နှင့် ကိုက်ညီမှုမရှိရာတွင်
ကလေး၏ အသက်၊ ကလေးအခွင့်အရေးများကို အကောင်အထည်ဖော်မှု၊ ပညာသင်ကြားခွင့်၊
ပြစ်မှုနှင့်ပြစ်ဒဏ်များနှင့် ကလေးသူငယ်များ၏ အကျိုးစီးပွားများ အစရှိသည့်
အချက်အလက်များ ပါဝင်နေပြီး ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်သင့်သည့်အပြင်
ကျင့်သုံးရာတွင်လည်း ကိုက်ညီမှုရှိရန် လိုအပ်နေကြောင်း
၎င်း၏ဆက်လက်ပြောကြားချက်အရ သိရသည်။“ကလေးသူငယ် အခွင့်အရေးတွေအတွက် ဥပဒေတွေမှာ ကုလသမဂ္ဂက ထုတ်ပြန်ရေးဆွဲထားတဲ့ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့က ကွဲလွဲနေတာတွေ တွေ့ရတယ်။ ခေတ်ကာလနဲ့ မကိုက်တာတွေ၊ ကလေးသူငယ် အခွင့်အရေးနဲ့ ကိုက်ညီမှု မရှိတာတွေ၊ ဗဟိုအာဏာ ချုပ်ကိုင်ထားတာတွေကို အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့ တင်ပြသွားမှာပါ။ တကယ်ဆို ကုလသမဂ္ဂက ထုတ်ပြန်ချက်အတိုင်း မည်သည့်အဖွဲ့အစည်းတွေမဆို ပြည်သူလူထုတိုင်း ပူးပေါင်းပြီး ကလေးသူငယ်တွေအတွက် အမှန်တကယ် လိုက်နာဆောင်ရွက်သင့်တယ်” ဟု ဦးကျော်သန်းထွန်းကဆိုသည်။
ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ယင်းကိုအကောင်အထည်ဖော်ရန် မြန်မာနိုင်ငံ ကလေးသူငယ် ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ကလေးသူငယ် ဥပဒေနှင့်ဆိုင်သော နည်းဥပဒေကို ၂၀၀၁ တွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
from EMG
No comments:
Post a Comment