Sunday, December 8, 2013

တောင်သူလယ်သမားအဖွဲ့များ စုစည်းကာ အဖွဲ့ချုပ်တစ်ခု ဖွဲ့စည်းရန် ပြင်ဆင်


နိုင်ငံအနှံ့အပြား ပြန့်ကျဲနေသည့် တောင်သူလယ်သမားအဖွဲ့အချို့အား စုစည်း၍ အဖွဲ့ချုပ်တစ်ခု ဖွဲ့စည်း ရန်အတွက် ပြင်ဆင်နေသည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး၊ အလုပ်သမားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းဆွေက မဇ္ဈိမကို ပြောသည်။

“လယ်သမားအခွင့်အရေးကို အဖွဲ့သေးသေးလေးတွေ တစ်ခုချင်း တောင်းဆိုတာထက် အဖွဲ့တွေစုပြီး စုပေါင်းတောင်းဆိုရင် ပိုထိရောက်မယ်ထင်လို့ပါ။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် မှတ်ပုံတင်နိုင်ဖို့ ကြိုးစားပါမယ်”ဟု ဦးသန်းဆွေက ပြောသည်။

မှတ်ပုံတင်ရန် ကြိုးပမ်းနေသည့် ယခုအဖွဲ့တွင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးစသည့် ဆန်အများဆုံးထွက် သည့် တိုင်းနှင့် ပြည်နယ်ရှစ်ခု၊ မြို့နယ်ပေါင်း ၃၅ မြို့နယ်မှ အခြေခံ တောင်သူလယ်သမားအဖွဲ့ဝင်ပေါင်း ၂၂၇ ဖွဲ့၊ အဖွဲ့ဝင် နှစ်သောင်းကျော် ပါဝင်သော်လည်း အသင်းဖွဲ့စည်းခွင့်ပုံစံ(၇)အရ ခုနစ်ဖွဲ့သာ ဖွဲ့စည်း ခွင့်ရသေးသည်ဟု ယင်းက ပြောသည်။

ယင်းအခြေပြုအဖွဲ့၂၂၇ ဖွဲ့တွင် မြို့နယ်လယ်သမားအခြေပြုအဖွဲ့ပေါင်း ၁၇၀ ပါဝင်ပြီး ၅၇ ဖွဲ့သည်
သားရေလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ စက်မှုလုပ်ငန်း အလုပ်သမားများပါဝင်သည့် မြို့နယ်အခြေပြုအဖွဲ့များ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တောင်သူလယ်သမားအဖွဲ့များဟူ၍ ဖွဲ့စည်းခွင့်မရှိသေးဘဲ စိုက်ပျိုးရေး အ လုပ်သမားအဖွဲ့သာ ခွင့်ပြုလျက်ရှိပြီး ယင်းအဖွဲ့ပေါင်းမှာ တစ်ရာကျော်ရှိပြီဟု မှတ်ပုံတင်လျှောက်ထား ဆဲ တောင်သူလယ်သမားအသင်း(ယာယီ)ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

လက်ရှိတွင် တောင်သူလယ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခွင့် လျှောက်ထားမှုတွင် အခက်အခဲ၊ အချိန် ကြန့်ကြာမှုများ တွေ့ကြုံနေရကာ အခြေပြုအဖွဲ့များ စုပေါင်းဖွဲ့စည်းမည့် အဖွဲ့ချုပ်ဖွဲ့ရန်မှာ အခက်ခဲများ စွာရှိမည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

လွတ်လပ်သော တောင်သူလယ်သမားများအသင်း(ယာယီ) အမည်ဖြင့် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့တွင် ဖွဲ့ စည်းခွင့်ကို လွန်ခဲ့သည့် ငါးလက တင်ထားခဲ့သူ ဦးသိန်းအောင်က အဖွဲ့ငယ်များပင် ဖွဲ့စည်းခွင့်မရသေး သည့်အတွက် အဖွဲ့များပေါင်းစည်းမည့် အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းခွင့်ရရန်ခက်ခဲမည်ဟု သုံးသပ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေနေတွင် တောင်သူလယ်သမားများ ကိုယ်စားပြုသည့်အဖွဲ့များ ဖွဲ့စည်းရာ တွင် အစိုးရပိုင်းတွင်သာမက အဖွဲ့ဝင်များပိုင်းတွင်၊ ခေါင်းဆောင်မှုအပိုင်းတွင် များစွာ သဘောထား ကွဲလွဲမှုများရှိကာ အဖွဲ့ချုပ်များဖြစ်မြောက်ရေးသည် အခက်ခဲများစွာ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“ဥပဒေပါအတိုင်း အဖွဲ့တွေဖွဲ့တာလွယ်ပေမယ့် တကယ့်အောက်ခြေမှာတော့ အခက်အခဲတွေရှိတာတွေ ရှိနေတယ်။ ဒါကတော့ အဖွဲ့တွေ မှတ်ပုံတင်ကို ချပေးတဲ့နေရာမှာ အချိန်ကြန့်ကြာမှုတွေ ရှိနေတာပဲ”ဟု ဦးသန်းဆွေက ပြောသည်။

from Mizzima

No comments:

Post a Comment