Friday, December 6, 2013

လားရှိုး Mobile Team စစ်ဆေးရေးအဖွဲ့မှ ငါးလအတွင်း အကောက်ခွန်မဲ့နှင့် ကန့်သတ်ကုန်ပစ္စည်း ကျပ်သိန်းပေါင်း (၆၈၀၀) ကျော်ဖိုးခန့် သိမ်းဆည်းရမိ

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လှုပ်ရှားစစ်ဆေးရေး အဖွဲ့သည် ဇူလိုင် ၅ ရက်မှစတင်ကာ လားရှိုးမြို့အနီး ခေးနင်းအေးရှားဝေါလ် တိုးဂိတ်အနီးတွင် အခြေပြု၍ စစ်ဆေးရေး ဂိတ်များတွင် စစ်ဆေးခံခြင်း မရှိဘဲ ရှောင်ကွင်းလမ်းများမှ ကုန်ပစ္စည်းများအား တရားမ၀င် သယ်ဆောင်လာသူများ၊ သွင်းကုန်လိုင်စင် မပါရှိဘဲ သယ်ဆောင်လာခြင်းနှင့် သွင်းကုန်လိုင်စင်ပါ ပစ္စည်းအမျိုးအစား မဟုတ်ဘဲ အလွဲသယ်ဆောင် လာခြင်းများအား စစ်ဆေးသိမ်းဆည်း လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်အထိ အကောက်ခွန်မဲ့ သိမ်းဆည်းရမိ ပစ္စည်းတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၆၈၀၀)ကျော် ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေး အဖွဲ့သည် နိုဝင်ဘာ ၁၀ ရက်မှ ၃၀ ရက်အတွင်း ကျပ်သိန်းပေါင်း (၅၄၈) သိန်းကျော် တန်ဖိုးရှိ တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ စစ်ဆေးသိမ်းဆည်း ရမိခဲ့ပြီး နိုဝင်ဘာ ၂၆ ရက် တစ်နေ့တည်းတွင် ကျပ် (၃၁၃)သိန်းကျော် တန်ဖိုးရှိ ဒီဗီဒီစက်များ၊ ဒီဗီဒီခွေလွတ်များ၊ ကွန်ပျူတာပရင်တာနှင့် ဆက်စပ်ပစ္စည်းများ၊ အ၀တ်ထည်များ စစ်ဆေးသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

''အကောက်ခွန်မဲ့ပစ္စည်း သယ်ဆောင်တဲ့ သူတွေက ရှောင်ကွင်းလမ်းကနေ သယ်ဆောင်ကြတယ်။ တန်ဖိုးမြင့် ဖမ်းဆီးရမိတာတွေက ရှောင်ကွင်းလမ်းမှာ မိခဲ့တာတွေချည်းပဲ။ စစ်ဆေးရေးဂိတ်မှာ မိတာကတော့ တန်ဖိုးနည်းတွေ'' ဟု စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လှုပ်ရှားစစ်ဆေးရေး အဖွဲ့မှ တာဝန်ခံ အဖွဲ့ခေါင်းဆောင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုင်းမောင်လူက ပြောကြားသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ တရုတ်နိုင်ငံထုတ် အ၀တ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ မိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ တရုတ်ဘီယာများနှင့် အခြားစားသောက်ကုန် ပစ္စည်းများ အများဆုံး ပါဝင်ကြောင်း သိရသည်။ စစ်ဆေးရေး အဖွဲ့သည် ရှောင်ကွင်း လမ်းများတွင် ဖြတ်သန်း၍ တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်း သယ်ဆောင်သူများအား ၎င်းတို့ဖြတ်သန်းတတ်သော လမ်းကြောင်းများပေါ်သို့ ရှောင်တခင် သွားရောက်၍ စစ်ဆေးသိမ်းဆည်း အရေးယူလျက် ရှိကြောင်း သိရသည်။
from  EMG

No comments:

Post a Comment