MTV၏ ဗီဒီယိုဂီတ ဆုပေးပွဲတွင် ခပ်ကြမ်းကြမ်းနှင့် ပွင့်လင်းလွန်းသည့်
ဖျော်ဖြေမှုများကြောင့် လူပြောများခဲ့သည့် မိုင်လီသည် တစ်နှစ်တာအတွင်း
အမှန်တကယ် လူအများ၏ ဝေဖန်ခြင်း၊ ထောက်ခံခြင်းများကို အခံရဆုံး အဆိုတော်တစ်ဦးလည်း ဖြစ်လာခဲ့
MTV၏ တစ်နှစ်တာ အထင်ပေါ်ဆုံး အနုပညာရှင်အဖြစ် မိုင်လီ ရွေးချယ်ခံရ
MTVက ယခုနှစ်၏ တနှစ်တာလုံး အထင်ပေါ်ဆုံး အနုပညာရှင်အဖြစ် မိုင်လီဆိုင်းရပ်စ်ကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ ထို့ကြောင့် မိုင်လီသည် ကေတီပယ်ရီ၊ One Direction အစရှိသည့် နာမည်ကျော်များ၏ ခြေရာကို နင်းနိုင်ခဲ့ပြီ ဖြစ်သည်။ MTV၏ ဗီဒီယိုဂီတ ဆုပေးပွဲတွင် ခပ်ကြမ်းကြမ်းနှင့် ပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများကြောင့် လူပြောများခဲ့သည့် မိုင်လီသည် တစ်နှစ်တာအတွင်း အမှန်တကယ် လူအများ၏ ဝေဖန်ခြင်း၊ ထောက်ခံခြင်းများကို အခံရဆုံး အဆိုတော်တစ်ဦးလည်း ဖြစ်လာခဲ့သည်။
ရော်ဘင်သစ်ကီနှင့်အတူ Blurred
Linesကို ပူးပေါင်းဖျော်ဖြေသွားရာ၌ လူငယ်ထု အတုယူ မှားနိုင်လောက်သော
ဝတ်စားဆင်ယင် ပြုမူပုံများ ရှိခဲ့ကြောင်း အဓိက ဝေဖန်ပြစ်တင် ခံခဲ့ရသည်။MTV၏ တစ်နှစ်တာ အထင်ပေါ်ဆုံး အနုပညာရှင်အဖြစ် မိုင်လီ ရွေးချယ်ခံရ
MTVက ယခုနှစ်၏ တနှစ်တာလုံး အထင်ပေါ်ဆုံး အနုပညာရှင်အဖြစ် မိုင်လီဆိုင်းရပ်စ်ကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ ထို့ကြောင့် မိုင်လီသည် ကေတီပယ်ရီ၊ One Direction အစရှိသည့် နာမည်ကျော်များ၏ ခြေရာကို နင်းနိုင်ခဲ့ပြီ ဖြစ်သည်။ MTV၏ ဗီဒီယိုဂီတ ဆုပေးပွဲတွင် ခပ်ကြမ်းကြမ်းနှင့် ပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများကြောင့် လူပြောများခဲ့သည့် မိုင်လီသည် တစ်နှစ်တာအတွင်း အမှန်တကယ် လူအများ၏ ဝေဖန်ခြင်း၊ ထောက်ခံခြင်းများကို အခံရဆုံး အဆိုတော်တစ်ဦးလည်း ဖြစ်လာခဲ့သည်။
အသက်(၂၁)နှစ်ရှိ မိုင်လီသည် ယခုဆုအတွက် ထိုက်တန်ကြောင်း MTV၏ ဂီတနှင့် ကိုယ်ရည်ကိုယ်သွေး အစီအစဉ်မှ အေမီဒွိုင်းလ်က မှတ်ချက်ပြုခဲ့သည်။ "မိုင်လီဟာ လူကြိုက်အများဆုံး သီချင်းတွေ စာရင်းမှာလည်း လွှမ်းမိုးရပ်တည်ခဲ့တယ်။ ပြီးတော့ ဒီနှစ်အတွင်းမှာ အမှတ်ရစရာ အခိုက်အတန့်တွေကို အဓိက ဖန်တီးခဲ့သူ တစ်ယောက်လည်း ဖြစ်နေတယ် မဟုတ်လား"ဟု အေမီက ဆိုသည်။ MTVသည် တစ်နှစ်တာအတွင်း သတင်းကြီးခဲ့သည့် အဆိုတော်များနှင့် ပတ်သက်ပြီး ယခုဆုကို ပေးအပ်လေ့ရှိရာ (၂၀၁၁)က ကေတီဆုရရှိခဲ့ပြီး ယမန်နှစ်ကမူ နာမည်ကြီး အမျိုးသား အဆိုတော်အဖွဲ့ One Directionက အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
from Planet Myanmar Network
No comments:
Post a Comment