၁။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ရေနံများ
ရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုတူပူပေါင်း ဆောင်ရွက်လျှက်ရှိသော
CHINNERY ASSETS LIMITED သည် ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် AD-6 တွင်
တွင်းတူးဖော်ခြင်း လုပ်ငန်းများကို Jack Up Rig “COSLGIFT” ဖြင့် ၂၀၁၃
ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၀၁၄ ခုနှစ် မေလ ၃၁ ရက်နေ့အထိ
ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ တွင်းတူးဖော်ခြင်း လုပ်ငန်းများကို Jack Up Rig “COSLGIFT” ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာများမှာ အမှတ် -A Well Name AD 6-1 မြောက်လတ္တီတွဒ် ၂၀ ဒီိဂရီ ၁၆ မိနစ် ၁၅ ဒသမ ၇၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၁ မိနစ် ၄၂ ဒသမ ၉၃၁ စက္ကန့်၊ အမှတ် -B Well Name AD 6-1 မြောက်မတ္တီိတွဒ် ၂၀ ဒီဂရီ ၁၀ မိနစ် ၃ ဒသမ ၇၀၉ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၈ မိနစ် ၄၈ ဒသမ ၅၃၉ စက္ကန့်နှင့် အမှတ် -C Well Name Warehouse Barge မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၁၄ မိနစ် ၄၄ ဒသမ ၂၂၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၃ မိနစ် ၂၀ ဒသမ ၈၈၉ စက္ကန့်တို့တွင် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ရခိုင်ကမ်းလွန်လုပ်ကွက်အမှတ် AD-6 တွင် တွင်းတူးဖော်ခြင်းလုပ်ငန်းများကို Jack Up Rig “COSLGIFT” ဖြင့် ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေး အတွက် ဖော်ပြပါ ဧရိယာလုပ်ငန်းခွင်များမှ ၄ ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗများ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နာထားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်း မပြုလုပ်ရန် အသိပေးကြေညာအပ်ပါသည်။
from MOI Webportal

No comments:
Post a Comment