Tuesday, September 10, 2013

ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းသည့်အနေဖြင့် ရန်ကုန်တွင် ယာဉ်မရပ်ရသည့် လမ်းများသတ်မှတ်

ရန်ကုန်မြို့တွင် ကားအစီးရေများပြားလာပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို ဖြေရှင်းသည့်အနေဖြင့် ရန်ကုန်တွင် ယာဉ်မရပ်ရသည့်လမ်း ၂၆ လမ်းကို သတ်မှတ်လိုက်ပြီး စက်တင်ဘာ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု...ကော်မတီမှ ထုတ်ပြန်လိုက်သည်။ရန်ကုန်မြို့တွင် ခြောက်လမ်းသွားလမ်းမကြီးများအပါအ၀င် အဓိကလမ်းမကြီးများပေါ်တွင် ယာဉ်များ စည်းကမ်းမဲ့ ရပ်နားကြသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယာဉ်မတော်တဆမှုများလည်း တိုးတက်များပြား လာသည်ဟုလည်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ထားသည်။

ယာဉ်ရပ်နားခြင်း မပြုသည့်လမ်းများမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့နောက် ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်း၊ အောက်ပုဇွန် တောင်လမ်းတို့ဖြစ်သည်။

ခရီးသည်တင် ယာဉ်များအနေဖြင့်လည်း အဆိုပါလမ်းများပေါ်ရှိ မှတ်တိုင်များတွင် ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို ကျင့်သုံးဆောင်ရွက်ကြရမည်ဖြစ်သည်။
from Mizzima - News in Burmese
 

No comments:

Post a Comment