Wednesday, September 18, 2013

အိပ်နေသည့်ကလေးငယ်အား နေအိမ်တွင်တစ်ဦးတည်းထားခဲ့ရာမှ ရေနစ်သေဆုံး

၁၈.၉.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် ဒလမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တပင်ရွှေထီးရပ်ကွက်ရှိ နေအိမ်အောက်တွင် ကလေးငယ်တစ်ဦးရေနစ်သေဆုံးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ မအိသဇင်၊ အသက်(၆)လ ဖြစ်ပြီး နေအိမ်အောက်
ရေအနက်(၁)ပေခန့်တွင် ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို
တွေ့ရှိခဲ့ရပါသည်။သေဆုံးခြင်းနှင့်ပတ်သက်၍စုံစမ်းရာ နေအိမ်အိပ်ခန်းအတွင်း၌
မအိသဇင်မှာအိပ်နေချိန် မိခင်ဖြစ်သူမှ တစ်ဦးတည်းထားခဲ့ကာ
ရပ်ကွက်အတွင်းသို့ သွားရောက်နေခဲ့ပြီး ပြန်လာရောက်ရှိစဉ်
သမီးဖြစ်သူအား မတွေ့ရှိ၍ရှာဖွေရာမှ နေအိမ်အောက်တွင်ရေနစ်သေဆုံး
နေသည်ကိုတွေ့ရှိခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဒလမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ်(၂၄/၂၀၁၃)ဖြင့်ရေးဖွင့်ကာ
စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
from Ygn Police

No comments:

Post a Comment