Tuesday, September 10, 2013

ရထားရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ အသစ်အရ အင်အား ၃၆၀၀ အထိ ထပ်မံတိုးချဲ့မည်


ရထားရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံ အသစ်အရ ရထားရဲတပ်ဖွဲ့ အင်အားကို ၃၆၀၀ အထိ ထပ်မံတိုးချဲ့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးလှမိုးက စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။ဖွဲ့စည်းပုံ အသစ်အရ ရထားရဲတပ်ဖွဲ့တွင် ရဲတပ်ဖွဲ့အင်အား ၃၆၀၀ အထိ ရှိရမည် ဖြစ်သော်လည်း ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်အထိ ရဲတပ်ဖွဲ့အင်အား ၁၇၉၀ သာ ရှိနေသေးကြောင်း ရထားရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။"ရထားရဲတပ်ဖွဲ့က ၀န်ကြီးဌာနနဲ့ တွဲထားတဲ့အဖွဲ့ ဖြစ်နေတော့ အခြားရဲတပ်ဖွဲ့တွေလို ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ရွေးချယ်ပြီးတော့ ခန့်လို့မရဘူး။ ဒါကြောင့် အင်အားတိုးဖို့အတွက်ကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ တပ်သားတွေ စုဆောင်းပြီးတော့ အင်အားတွေ တိုးချဲ့နေပါတယ်။ အခွင့်အရေးတွေ အနေနဲ့ကတော့ အခြားရဲတပ်ဖွဲ့ဝင်တွေလိုပဲ အားလုံးတစ်ပြေးညီ ရပါတယ်။ ဥပမာ ဒုရဲအုပ်ဖြေဆိုခွင့် ရှိတယ်။ စာမေးပွဲတွေ ဖြေဆိုခွင့် ရတယ်။ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့တွေကိုလည်း ပညာအရည်အချင်းပေါ် မူတည်ပြီးတော့ ပြောင်းရွှေ့ခွင့် ရတယ်။ အားကစား ထူးချွန်ရင်လည်း ပြည်ထဲရေး ၀န်ကြီးဌာနမှာ အားကစားသမားအဖြစ် တာဝန်ထမ်းဆောင်လို့ ရပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရထားရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးလှမိုးက ပြောကြားသည်။

ဆက်လက်၍ "နေ့စဉ်၊ လစဉ် တပ်ဖွဲ့ဝင်တွေ အပြောင်းအရွှေ့၊ ပင်စင်ယူသွားတဲ့ တပ်ဖွဲ့ဝင်တွေ ရှိသလို တပ်သားသစ်တွေလည်း နေ့စဉ်၊ လစဉ် တိုးနေတာတွေ ရှိပါတယ်။ ဖွဲ့ စည်းပုံ အသစ်အရ အင်အားကို ပြည့်မီအောင် တိုးချဲ့သွားပါမယ်" ဟု ရထားရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။
ရထားရဲတပ်ဖွဲ့က ၀န်ကြီးဌာနနဲ့ တွဲထားတဲ့အဖွဲ့ ဖြစ်နေတော့ အခြားရဲတပ်ဖွဲ့တွေလို ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ရွေးချယ်ပြီးတော့ ခန့်လို့မရဘူး။ ဒါကြောင့် အင်အားတိုးဖို့အတွက်ကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ တပ်သားတွေ စုဆောင်းပြီးတော့ အင်အားတွေ တိုးချဲ့နေပါတယ် . . . . .

ရထားရဲတပ်ဖွဲ့ အနေဖြင့် ရထားအစီးရေ ၁၂၀ ကျော်တွင် လုံခြုံရေး၊ ဘူတာရပ်ဝန်း လုံခြုံရေး၊ ရထားအလုပ်ရုံ၊ စက်ရုံလုံခြုံရေး၊ ရထားအန္တရာယ် မရှိစေရန် လမ်းကြောင်းရှင်းလင်းရေး၊ အကြီးအကဲ ခရီးစဉ် လုံခြုံရေး၊ မူးယစ်ဆေးဝါးများနှင့် ဖောက်ခွဲစေသော ပစ္စည်းများအား စစ်ဆေးဖော်ထုတ်ရေး၊ တန်ဆာမဲ့ လက်မှတ်မဲ့များကို စစ်ဆေးအရေးယူခြင်း၊ မြန်မာ့မီးရထားပိုင် ပစ္စည်းများ ဆုံးရှုံးမှုမရှိစေရန် စောင့်ရှောက်ခြင်း စသည့်လုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေကြောင်း ရဲမှူးကြီးလှမိုးက ပြောကြားသည်။

ရထားရဲတပ်ဖွဲ့တွင် တစ်လလျှင် ပျမ်းမျှတပ်ဖွဲ့ဝင်အသစ် ၁၀ ဦးဝန်းကျင်ခန့် ရရှိနေကြောင်း သိရသည်။
from Yangon Police

No comments:

Post a Comment