အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန် အနီးကပ် လေ့လာစောင့် ကြည့်မှုများ
ပြုလုပ်နေသော တီမောနိုင်ငံ၏ ဝန်ကြီးချုပ် မစ္စတာ Kay Rala Xanana Gusmao
သည် မြန်မာ...နိုင်ငံသို့
အလည် အပတ်ခရီးစဉ်တစ်ရပ် လာရောက်ရန် ရှိကြောင်း နိုင်ငံတော်သမ္မတ
ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice
သို့ ပြောကြားသည်။ဝန်ကြီးချုပ်၏ ခရီးစဉ်သည် အလည်အပတ်
ခရီးစဉ်သာဖြစ်ပြီး စက်တင်ဘာလ ဒုတိယပတ်အတွင်း လာရောက်ရန် ရှိကြောင်း၊
နေ့ရက်အတိအကျ မသိရှိသေးကြောင်း ၎င်းကဆိုသည်။
ခရီးစဉ်အတွင်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုများ ပြုလုပ်၍ အဆင်ပြေပါက စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ တစ်စောင်ကို တီမော ဝန်ကြီးချုပ်နှင့် ရေးထိုးသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဝန်ကြီးချုပ်၏ အဆိုပါ ခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ လာရောက်ခြင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။
တီမောနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၂၀၀၆ ခုနှစ် စက်တင်ဘာလ အတွင်းမှစ၍ သံတမန် ဆက်ဆံရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ ပထမဦးဆုံး နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ယခင်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဉာဏ်ဝင်းသည် ၂၀၁၀ ပြည့်နှစ်အတွင်းက တီမောနိုင်ငံသို့ သွားရောက်ခဲ့သည်။
from The Voice Weekly

No comments:
Post a Comment