နိုင်ငံပိုင်ငွေကြေးကို ဒေသန္တရဖွံ့ဖြိုးရေးအတွက်အမတ်များအား ချပေးခြင်းကို လူထုကန့်ကွက်
ဖိလစ် ပိုင်နိုင်ငံ၌ ဗုဒ္ဓဟူးနေ့က လူပေါင်း ၁၀၀ဝခန့်သည် လမ်းမပေါ်သို့
တက်ရောက်ဆန္ဒပြခဲ့ကြသည်။ ပါလီမန်အမတ်များ၏ ကျယ်ကျယ် ပြန့်ပြန့်
အလွဲသုံးစားပြုမှုများကို စွပ်စွဲမှုများအားဆန္ဒပြကြရန် အင် တာနက်မှ
သုံးပတ်မြောက်ဖော်ပြ လှုံ့ဆော်ခဲ့ပြီးနောက် ဒုတိယအ
ကြိမ်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။...
ဆန္ဒပြပွဲကို ကက်သလစ် ကျောင်းတစ်ခု၌ပြုလုပ်ခဲ့ပြီး ဘုရား
ဝတ်ပြုဆုတောင်းသည့် ပုံစံဖြင့် စုရုံးကာ 'နိုင်ငံငွေကြေးအား မဲ
ဆွယ်သည့်အနေဖြင့် မဲဆန္ဒနယ် ဒေသန္တရ လုပ်ငန်းများအတွက် အမတ်များကို
ချပေးခြင်းအား ကန့်ကွက်ခဲ့ကြသည်။ ဤသို့ ခွင့် ပြုခြင်းသည် လာဘ်ပေးလာဘ်
ယူမှုကိုဖြစ်စေသည့် အဓိကအ ချက်ဖြစ်သည်ဟု ဆိုသည်။
''ကျွန်ုပ်တို့ဟာ သာမန်ဖိလစ် ပိုင်လူမျိုးတွေသာ ဖြစ်ကြတယ်။ ကျွန်တော်တို့ဟာ နိုးကြားမှုအမြဲ ရှိနေရမယ်။ ကျွန်တော်တို့က မဲ
ဆွယ်ဖို့အတွက် မဲဆန္ဒနယ်လုပ် ငန်းတွေအတွက် ငွေကြေးထုတ်ပေး
တဲ့စနစ်ကိုဖျက်သိမ်းဖို့ တောင်းဆို ပါတယ်''ဟု ဆန္ဒပြခေါင်းဆောင်
ဂျူနစ်အိုကန်ပိုက အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။
သူနှင့် သူ၏သူငယ်ချင်းများ က လွန်ခဲ့သောအပတ်က ဖေ့စ် ဘွတ်ခ်လူမှုရေးကွန်ရက်မှ ယခု ကဲ့သို့ လူထုဆန္ဒပြရန်လှုံ့ဆော်ခဲ့ ကြခြင်းဖြစ်သည်။
ဆန္ဒပြပွဲ၌ လူ၁၀၀ဝခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောခဲ့သည်။
အိုကမ်ပိုမှာ သတင်းစာ သမားတစ်ဦးဖြစ်ပြီး ဆန္ဒပြပွဲမှာ
သမ္မတဘင်ုနီနိုအကွီနိုကို မရည် ရွယ်ဟုဆိုသည်။ သူ့မှာ ၂၀၁၀ ပြည့်နှစ်က
မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ပြီး အကျင့်ပျက်ခြစား မှု တိုက်ဖျက်ရေးကို
ကိုင်စွဲထား သူဖြစ်သည်။
သမ္မတက မဲဆွယ်မှုကိုဖြစ် စေသည့် မဲဆန္ဒနယ်များအား
ဒေသန္တရလုပ်ငန်းများအတွက် ငွေကြေးပေးကမ်းခြင်းကို ပြုပြင် မည်ဟု ဆိုသည်။
အမတ်များက သူတို့မဲဆန္ဒနယ်အတွက် ဒေသန္တရ စီမံကိန်းငယ်များကို တင်ပြကြကာ
နိုင်ငံတော်ဘတ်ဂျက်မှ ဒေါ်လာ များစွာ နှစ်စဉ်ထုတ်ယူလျက်ရှိနေ
ကြသည်ဟုဆိုသည်။ ဤသို့ ဒေါသ တကြီးဖြစ်ပေါ်လာရခြင်းမှာ လွန် ခဲ့သောလက
စီးပွားရေးလုပ်ငန်း ရှင်အမျိုးသမီးတစ်ဦးက အမတ် များသည်
ဒေသန္တရစီမံကိန်းလုပ် ငန်းရန်ပုံငွေများမှ ဒေါ်လာသန်း ၃၂ဝကိုရယူခဲ့သည်ကို
မသိချင် ယောင်ဆောင်နေခဲ့ကြောင်း အစီ ရင်ခံစာတစ်ခု ထွက်ပေါ်လာပြီး နောက်
ဤသို့ဆန္ဒပြမှုဖြစ်လာခဲ့ ရသည်။
အဆိုပါအမျိုးသမီးမှာ ဂျ
နက်နာပိုလီဖြစ်ပြီး အဖမ်းခံထား ရပြီးဖြစ်သည်။ အစိုးရက ထိုအ မျိုးသမီးနှင့်
လွှတ်တော်အမတ် တချို့အား လာဘ်ပေးလာဘ်ယူမှု ဖြင့် တရားစွဲရန်စီစဉ်လျက်ရှိသည်။
ဗုဒ္ဓဟူးနေ့ဆန္ဒပြပွဲမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ဩဂုတ် ၂၆ရက်ကဖြစ်ကာ လူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်။
from YMG
No comments:
Post a Comment