Tuesday, September 10, 2013

ထီးချိုင့်တွင် မိုးသည်းထန်စွာရွာသဖြင့် မြေပြိုနိုင်ချေရှိသော နေရာမှအိမ်များ အရေးပေါ်ရွှေ့ပြောင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသဖြင့် အမှတ် ၃ သရက်မှော်ရပ်ကွက်တွင် မြေပြိုနိုင်ချေရှိသဖြင့် လူနေအိမ် ၁၅ လုံးကို စက်တင်ဘာ ၈ ရက်က အရေးပေါ် ပြောင်းရွှေ့ ခဲ့ရကြောင်း ထိုမဲဆန္ဒနယ်၏ အထက်လွှတ်တော်အမတ်၏ ရုံးမှ စုံစမ်းရရှိသည်။...
ရေကြီးရေလျှံပြီးနောက် သရက်မှော်ရပ်ကွက်၊ တောင်စောင်းအောက်ရှိ ပေ ၁၅၀ ခန့်ရှိသော မြေသားလမ်းသည် အိလာသဖြင့် အနီးရှိလူ ၇၀ ခန့် နေထိုင်သည့် အဆိုပါလူနေအိမ်များကို ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်ဟု စုံစမ်းရရှိသည်။
လက်ရှိတွင် ထိုမိသားစုများဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရာချထားပေးထားပြီး ဒေသအာဏာပိုင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လာရောက် ၀ိုင်းဝန်းကူညီ ပေးနေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းရရှိသည်။
from Mizzima

No comments:

Post a Comment