လင်မယားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး
ကော့ကရိတ်မြို့နယ် နောင်ကိုင်ကျေး ရွာအုပ်စု မိဖာလဲကျေးရွာနေ ဦးမြလွင် ၄၈
နှစ် (ဘ) ဦးထွန်းကြည်နှင့် ဇနီးဖြစ်သူ ဒေါ်ရင်တင် ၅၂ နှစ်(ဘ) ဦးစံဟန်တို့
နှစ်ဦးသည် စက်တင်ဘာ ၆ ရက် ည ၈နာရီခွဲခန့်က နေအိမ်အရှေ့လှေကား
အနီး ခြေဆေးကန်ဘေး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့်
တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အလောင်းများ အနီးတွင် ပွိုင့်-၃ဝ
ကာဘိုင်ကျည်ခွံ ၁၅ ခု ခန့် တွေ့ရှိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍
ဆက်လက်စိစစ်ရာ ...
၎င်းတို့နှစ်ဦးသည် ကျေးရွာအတွင်း အောက်လမ်းအတတ် ပညာများဖြင့် ပြုစားလုပ်ကြံနေသူများ အဖြစ် သတင်း ထွက်နေခြင်းကြောင့်
ကျေးရွာသူ/ ရွာသားများမှ ကျေနပ်မှု မရှိကြောင်းနှင့်
အဆိုပါလင်မယား နှစ်ဦးသေဆုံးသည့် ဖြစ်စဉ်အား ကော့ကရိတ်မြို့မရဲစခန်းမှ အသေးစိတ်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။
from မြ၀တီ
No comments:
Post a Comment