ကမ္ဘာလှည့်ခရီးသွားများ တည်းခိုရန်နေရာမလုံလောက်မှုကြောင့် တည်းခိုခန်းများကိုရွေးချယ်လာ
နိုင်ငံ ခြားသား ကမ္ဘာလှည့်ခရီးသွားများ သည် မြန်မာနိုင်ငံကို ဝင်ရောက်မှု
များပြားနေသဖြင့် တည်းခိုရန်နေ ရာ မလုံလောက်မှုကြောင့် တည်းခို ခန်း (Guest
House ) များတွင် တည်းခိုနေရကြောင်း သိရသည်။...
ဟိုတယ်အခန်းခများ ဈေး ကြီးခြင်းနှင့် တည်းခိုရန် အခန်းမ
လုံလောက်မှုများကြောင့် နိုင်ငံခြား သားများအနေဖြင့် ရန်ကုန်မြို့တွင်း
ရှိတည်းခိုခန်းများတွင် ငှားရမ်းနေ ထိုင်မှုများရှိလာပြီး ယင်းသို့တည်း
ခိုသူများမှာလည်း Package Tour များမဟုတ်ဘဲ FIT များပိုမိုများ
ပြားနေကြောင်း တည်းခိုခန်းများ ဖွင့်လှစ်ထားသည့်အသိုင်းအဝိုင်း မှ သိရသည်။ရန်ကုန်မြို့တွင်း ဘားလမ်း ရှိတည်းခိုခန်းတစ်ခုမှ တာဝန်ရှိ
သူက''အခုလိုရာသီမှာတောင် နိုင်ငံခြားသားတွေ တည်းခိုတာ ပြည့်နေတယ်။
ပွင့်လင်းရာသီဆို ရင် အခန်းလိုအပ်ချက်ပိုရှိနိုင်တယ်။ ကြိုတင်ပြင်ဆင်စရာရှိတာမျိုးတွေ ကို ကြိုတင်ပြင်ဆင်နေပြီ''ဟု ပြော ကြားခဲ့သည်။
ယင်းသို့နိုင်ငံခြားသား ဧည့် သည်များ တည်းခိုခန်းများ၌ လာ ရောက်တည်းခိုရာတွင် ဟိုတယ်/
ခရီးဝန်ကြီးဌာနမှ ခွင့်ပြုလိုင်စင်ရ တည်းခိုခန်းများသာမက စည်ပင်
လိုင်စင်ရတည်းခိုခန်းများတွင် လည်း တည်းခိုလျက်ရှိနေကြောင်း
မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင် များအသင်းမှသိရသည်။
အဆိုပါအသင်းမှတာဝန် ရှိသူက ''လိုင်စင်ကနှစ်မျိုးရှိတယ်။ တစ်ခုက
ဟိုတယ်ခရီးလိုင်စင်၊ နောက်တစ်မျိုးက စည်ပင်လိုင်စင်၊ ဟိုတယ်ခရီးက
တရားဝင်ထုတ် ပေးတဲ့လိုင်စင်ကသာ နိုင်ငံခြား သားတွေတည်းလို့ရတယ်။ ဒါပေမဲ့
စည်ပင်လိုင်စင်နဲ့ ဂက်စ်ဟောက် တွေကို နိုင်ငံခြားသားတွေတည်း ရင်
ထူးထူးခြားခြားအရေးယူတာ မရှိဘူး။
ပြဿနာတစ်စုံတစ်ရာ
တက်မှသာအရေးယူတာ။ ဝန်ကြီး ဌာနအနေနဲ့ စည်ပင်လိုင်စင်ယူ ထားပေမယ့်
ဒီလိုတည်းခိုခန်းတွေ မှာ တချို့ကဝန်ဆောင်မှုတွေ အ ရမ်းကောင်းတာမျိုးရှိပြီး
ဧည့်သည် ကိုယ်တိုင်က အဲဒီနေရာမှာမှတည်း ချင်တာမျိုးတွေရှိနေလို့ ထူးထူး
ခြားခြားအရေးယူတာမျိုးတွေ မလုပ်တာလို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး ရူဘီ လန်းခရီးသွားလုပ်ငန်းမှ မန်နေ
ဂျင်းဒါရိုက်တာဦးအေးကျော်က ''ဟိုတယ်တွေဈေးအရမ်းကြီးတော့ သက်သာတာကို
ရှာလာတယ်။ အထူးသဖြင့် အက်ဖ်အိုင်တီတွေက ဈေးသက်သာတာရှာကြတယ်။
သူများနိုင်ငံတွေမှာဆိုရင် သူတို့ နိုင်ငံမှာ လိုင်စင်တွေထုတ်ပေးထား တယ်။
မြန်မာနိုင်ငံမှာဆိုရင် နိုင်ငံ ခြားသားတွေက အရမ်းကိုဝင်နေ တယ်။
ဒီတော့ဒီလိုတည်းခိုခန်းအ သေးလေးတွေကို လိုင်စင်ချပေး တာမျိုးနဲ့
ဟုမ်းစတေးတွေကို သတ် မှတ်ချက်တွေချပြီးခွင့်ပြုသင့်ပါ တယ်''ဟု ပြောသည်။
လက်ရှိအချိန်တွင်ပြည်တွင်း သို့ ရန်ကုန်လေဆိပ်မှ နိုင်ငံခြားခရီး
သည်ဝင်ရောက်မှုမှာ ဇန်နဝါရီမှ ယခုလအထိ စုစုပေါင်းလေးသိန်း
ခွဲကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
from YMG
No comments:
Post a Comment