Wednesday, September 18, 2013

မန္တလေးကချင်ရိုးရာစာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ကချင်ပြည်နယ်ရှိ စစ်ရှောင်များအားကူညီ

ကချင်ပြည်နယ်ရှိ စစ်ဘေးတိမ်ရှောင်နေသည့် ရှမ်းတိုင်းရင်းသားများအား ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့တွင် မန္တလေး ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရရှိထားသည့် အလှူငွေများအား သွားရောက်လှူဒါန်းခဲ့သည်။...

အဆိုပါကချင်ရိုးရာအဖွဲ့ မှ ဦးဆောင်ပြီး မန္တလေး ကချင်တက္ကသိုလ် စာပေနှင့်ယဉ်ကျေးမှုကော်မတီ ၊၀န်ပေါင်နိန်ဂျားအကအဖွဲ့ များအပါအ၀င် မန္တလေးကိုးကန့်တိုင်ရင်းသား ဓမ္မာရုံတွင် ၂၀၁၃ သြဂုတ်လ ၉ ရက်နေ့ညတွေ `ငြိမ်းချမ်းသံစဉ် မနောအကသဘင်´အမည်ဖြင့် ရံပုံငွေရှာပွဲပြုလုပ်သည်။
အဆိုပါ ပွဲတွင် အလှူငွေကျပ်သိန်းပေါင်း ၂၅၀၀ ခန့်ရရှိခဲ့ပြီး ထိုငွေများအား ကချင်ပြည်နယ်နှင့် ရှမ်ပြည်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းများသို့ သွားရောက်လှူဒါန်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။ ရရှိခဲ့သည့် အလှူငွေများအား ယနေ့ ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် စစ်ရှောင်စခန်းများသို့ ဦးစွာ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

` ကျွန်တော်တို့က လူမျိုး၊သာသာ၊ အသာအရောင်းမခွဲခြားဘူး။ ဒုက္ခသည်စခန်းအားလုံးကို လုဒါန်းသွားမှာပါ။သြဂုတ်လ (၉)ရက်နေ့လုပ်တဲ့ ပွဲတုန်းကလည်း လှူဒါန်းတဲ့ငွေတွေအားလုံးက တိုင်းရင်သားတွေ သာမက တခြား လူမျိုးဘာသာ အားလုံးလှူဒါန်းတဲ့အတွက်ကြောင့် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အားလုံးကို ထိရောက်မှုရှိအောင် ကူညီလှူဒါန်းသွားမှာပါ။´ဟု ကချင်ရိုရာစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး ဦး အယ်ယောင်ထန်မှ ဆိုသည်။

ရှမ်းတိုင်းရင်းသားများ အများစုနေထိုင်သည့် ၀ိုင်းမော်သာဂရဘုန်းကျောင်း ရှိစစ်ရှောင်စခန်း၊ ခတ်ချိုစစ်ရှောင်စခန်း၊ မြစ်ကြီးနားမြို့ဝန်သိုဘုန်ကြီးကျောင်း စစ်ရှောင်စခန်နှင့် နမ်မတီးစစ်ရှောင်စခန်းများသို့ သွားရောက်ခဲ့ပြီး စခန်းတစ်ခုအား ကျပ်သိန်း (၅၀)စီ ပေးအပ်ခဲ့ကြသည်။ အခြားကျန်ရှိသည့် စစ်ရှောင်စခန်းများကို လာမည့်ရက်များတွင် ဆက်လျက် လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်းသိရသည်။

`ဒီနေ့လိုမျိုးလာရောက်ကူညီတဲ့အတွက် အရမ်းပျော်တယ်။ ဒီနေ့လိုမျိုးလာရောက်ကူညီတဲ့ အလှူရှင်တွေ အားလုံးအတွက် အမြဲတမ်း ဆုတောင်းမေတ္တာပို့တယ်။ အန်တီတို့လည်း အိမ်အရမ်းပြန်ချင်ပြီ မြန်မြန်ဆန်ဆန် ငြိမ်းချမ်းပါစေလို့ လည်း အမြဲတမ်း ဆုတောင်းတယ်။´ဟု ၀ိုင်းမော်မြို့နယ်ရှိ ခတ်ချိုစစ်ရှောင်းစခန်းရှိ ဒေါ်ခင်ညှိကဆိုသည်။

မန္တလေးရိုရာကော်မတီမှဥက္ကဌ ဦးနန်ဇိန်းလအပါအ၀င် အဖွဲ့သားများ (၄)ဦးနှင့် ကချင်ပြည်နယ်ရှိ ရှမ်းခေါင်းဆောင်များနှင့် အတူသွားရောက်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၇ ရက်နေ့တွင် မိုင်းနားလီးဆူးစစ်ရှောင်စခန်းသို့ သွားရောက်ကာ အလှူငွေကျပ်သိန်း (၄၀)သွား ရောက်လှူဒါန်းခဲ့ပြီး ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပူတာအိုမြို့ သို့သွားရောက်ကာ ပူတာအို ကချင်ရိုးရာ ယဉ်ကျေးမှုကော်မတီနှင့် တွေ့ဆုံစည်းဝေးပြီး မချမ်းဘောမြို့နယ်၊နောင်ခိုင်ကျေးရွာတွင် ခေတ္တခိုလုံလျက်ရှိသည့် အင်ခါးကျေးရွာ၊ဖာကန့်ယန်၊အင်ဖီဂါး မှစစ်ပြေးတိမ်းနေထိုင်နေသည့်သူများကို ဆက်လျက် လှူဒါန်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
from Kachinwaves
 

No comments:

Post a Comment