Wednesday, September 18, 2013

ခိုးမှုကျူးလွန်ထားကြောင်း မသင်္ကာသူအားစစ်ဆေးရာမှ စက်ဘီးခိုးမှုပေါ်

၁၅.၉.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မှုခင်းကျဆင်းရေးအတွက် နယ်မြေအတွင်းသတင်းစုံစမ်းစဉ်
ခိုးမှုများကျူးလွန်ထားကြောင်း မသင်္ကာသတင်းရရှိထားသူ ဖိုးသင်္ကြန်(ခ)ကျော်ဝေဦး(ဘ)ဦးလှဦး၊ (၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူအား (၂၀)ရပ်ကွက်၊ ပေဖူးလွှာလမ်းမပေါ်တွင်
တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအား ခိုးမှုများနှင့်ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၂၀၁၃ခုနှစ်၊ (၈)လပိုင်းအတွင်းက ညပိုင်းတွင် လှိုင်သာယာမြို့နယ်၊ (၁၆)ရပ်ကွက်၊ (၁၄)ဈေးအနီး၌ရပ်ထားသော HODAKA တံဆိပ်ပါ အဖြူရောင်
မစီးစက်ဘီး(၁)စီးအား ခိုးယူခဲ့ပြီးရောင်းချထားကြောင်း စစ်ဆေး
ပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းပြီး လှိုင်သာယာမြို့မရဲစခန်း
(ပ)၁၀၅၅/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ (၆)လပိုင်း အတွင်းကလည်း လှိုင်သာယာမြို့နယ်၊(၂၀)ရပ်ကွက်၊အနော်ရထာလမ်း၊
ဈေးလေးအနီး၌ရပ်ထားသော ANN တံဆိပ်ပါ အ၀ါရောင်နှင့်
ခရမ်းရောင်စပ်ကြား မစီးစက်ဘီး(၁)စီးအား ခိုးယူခဲ့ပြီးရောင်းချ
ထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းပြီး
သောင်ကြီးနယ်မြေရဲစခန်း(ပ)၅၅၅/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ ဖြင့်
လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။
from Ygn Police

No comments:

Post a Comment