စစ်ကိုင်းမှ ကျောက်မျက်လုပ်ငန်းရှင်များကို မဲစနစ်ဖြင့် ငွေထုတ်ချေး
စစ်ကိုင်းမြို့မှ ကျောက်မျက်လုပ်ငန်းရှင်များကို တိုင်းအစိုးရကမဲစ
နစ်ဖြင့် ငွေထုတ်ချေးသည့် အခမ်းအနားကို စက်တင်ဘာ ၈ ရက်က ပြုလုပ်ခဲ့ကြောင်း
ငွေချေးယူခဲ့သည့်လုပ်ငန်းရှင်များက ဆိုသည်။ကနဦးက ငွေကိုမဲစနစ်ဖြင့် ထုတ်ချေးရန် စီစဉ်ထားခြင်းမရှိသော်လည်း
လျာထားသည့် ငွေပမာဏထက် ချေးလိုသူ ဦးရေက များပြားနေသဖြင့် မဲစနစ်ဖြင့်
ထုတ်ချေးရန် အများသဘောဆန္ဒဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း
လုပ်ငန်းရှင်များက ဆိုသည်။ငွေချေးလိုကြောင်း စာရင်းပေးထားသည့်
လုပ်ငန်းရှင်မှာ ၁၄၀ ခန့်ရှိနေပြီး တိုင်းအစိုးရက ထုတ်ချေးရန် လျာထားသည့်
ငွေပမာဏမှာ ကျပ်သိန်း ၆၀ သာရှိသဖြင့် မဲနှိုက်ပြီးလုပ်ငန်းရှင် ၇၂
ဦးကိုသာထုတ်ချေးပေးခဲ့သည်ဟု
ချေးငွေ စာရင်းဇယားများကို ပြုစုသည့် အစိုးရဌာနမှ ၀န်ထမ်းများထံမှ သိရသည်။
တိုင်းအစိုးရသည် ငွေချေးသူတစ်ဦးလျှင် ကျပ်ငါးသိန်းထုတ်ချေးပြီး
အတိုးနှုန်းပြား ၅၀ ပေးဆောင်ရမည် ဖြစ်သလို ထိုငွေများကို နှစ်နှစ်ကြာလျှင်
အကြေပြန်ဆပ်ရမည်ဖြစ်ကြောင်းလည်း ငွေချေးယူသည့်လုပ်ငန်း ရှင်များထံမှ စုံစမ်းရရှိသည်။
ငွေချေးလိုသည့် လုပ်ငန်းရှင်သည် ကျောက်မျက်လုပ်ငန်းလိုင်စင်မူ ရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းတို့ ပါရှိရန်သာ လိုအပ်သည်။
စစ်ကိုင်းမြို့ပေါ်တွင် ကျောက်မျက်လုပ်ငန်း ရှင်ပေါင်း ၁၀၀၀ ကျော်ရှိရာ
တိုင်းအစိုးရက ကျန်ရှိနေသေးသည့် လုပ်ငန်းရှင်များကို ချေးငွေဆက်
ထုတ်ပေးရန် အစီအစဉ်ရှိမရှိမသိရသေးပေ။
FROM မဇ္ဈိမ
No comments:
Post a Comment