ဝါရှင်တန်ရေတပ်ခြံဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွား၊ ၁၃ ဦးသေဆုံး
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့လယ်ရှိ ရေတပ်ခြံဝင်းတစ်ခုအတွင်း
သေနတ်ဖြင့် တွေ့ရာမရှောင် ပစ်ခတ်မှု နှင့် ပတ်သက်၍ ပြည်နယ်
စုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
ဒေသဆိုင်ရာ သတင်းဌာများက စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။
သေနတ်သမားမှာ အသက် ၃၄ နှစ်ရှိ အေရွန်အဲလက်ဆစ် ဆိုသူဖြစ်ပြီး တက္ကဆက်ပြည်နယ်
ဖို့ဝတ်မြို့၌ နေထိုင်သူ ဖြစ်သည်။ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ၁၂ ဦး
သေဆုံးခဲ့ရပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းသေနတ်သမားကို ရဲတပ်ဖွဲ့က
ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ ၄င်းမှာလည်း သေဆုံးခဲ့ရသည်။ အဆိုပါ သေနတ်သမားသည်
ရေတပ်အရန်တပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး ၂၀၁၁
ခုနှစ်တွင် အလုပ်ဖြုတ်ခံခဲ့ရသူ ဖြစ်သည်။ သေနတ်သမားသည် ယခင်က အကြမ်းဖက်
ပြုမူခဲ့ဖူးသူ ဖြစ်သော်လည်း ရေတပ်ခြံဝင်းအတွင်းသို့ ဝင်ရောက်ရန်
စစ်ဆေးရေးဂိတ်၏ ခွင့်ပြုချက် ရရှိခဲ့သည်။ အစုလိုက် အပြုံလိုက်
သတ်ဖြတ်မှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက
ပြစ်တင်ရှုတ်ချလိုက်ပြီး ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်နှင့်
ကွန်ဂရက်လွှတ်တော်တို့၌ နိုင်ငံတော်အလံကို တိုက်ဝင်လွှင့်ထူရန်
ညွှန်ကြားခဲ့သည်။
from (ပီတီအိုင်)
No comments:
Post a Comment