Saturday, May 18, 2013

“လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဆန်ကာတင်ဇာတ်ကားစာရင်းမကြာမီကျေညာမည်”


လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ မှ ၁၉ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်ပါသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ရက်နေ့က စတင်ပြီး သတင်းစာ၊ ဂျာနယ်၊ ၀က်ဘ်ဆိုဒ်၊ Facebook တို့မှ ရုပ်ရှင်ဇာတ်ကားများပေးပို့ပါရန် ဖိတ်ခေါ်ခဲ့ပါသည်။ ရုပ်ရှင်ဇာတ်ကားများ ပေးပို့ရမည့် နောက်ဆုံးနေ့ရက်အဖြစ် ၂၀၁၃ မေလ ၁၀ ရက်နေ့ကို သတ်မှတ်ခဲ့ပါသည်။
၂၀၁၃ မေလ ၁၀ရက်နေ့အထိ မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကား စုစုပေါင်း ၃၇ကား လက်ခံရရှိခဲ့ပါသည်။ ရုပ်ရှင်အမျိုးအစားအားဖြင့်Documentary ၁၃ကား၊ Short ၁၅ကားနှင့် Animation ၉ ကားဖြစ်ပါသည်။ လက်ခံရရှိခဲ့သော ဇာတ်ကား ၃၇ ကားထဲမှ ရုပ်ရှင်ပွဲတော်တွင် ပြသရန် သင့်လျှော်သည့် ရုပ်ရှင် ၂၈ ကားကို ဆန်ကာတင် ရွေးချယ်လိုက်ပါသည်။
ယင်းတို့မှာ ရုပ်ရှင်အမျိုးအစားအားဖြင့် Documentary ၈ကား၊ Short ၁၁ကား၊ Animation ၉ကားဖြစ်ပါသည်။
ရွေးချယ်ထားသော ဆန်ကာတင်ဇာတ်ကားစာရင်းကို အမြန်ဆုံးကြေငြာပေးပါမည်။
from Popular Journal

No comments:

Post a Comment