Tuesday, May 21, 2013

မိတ္ထီလာပဋိပက္ခသံဃာတော်တစ်ပါးသတ်ဖြတ်မှု တစ်ကျွန်းအ ထိ ပြစ်ဒဏ်ချမှတ်


မိတ္ထီလာပဋိပက္ခအတွင်း သံဃာတော်တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြသူ ၇ ဦးအား ထောင်ဒဏ် အနည်းဆုံး (၂)နှစ်မှ အများဆုံး တစ် သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။


ပြီးခဲ့သည့် မတ်လနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော မိတ္ထီလာပဋိပက္ခအတွင်း ဘုန်းတော်ကြီး ဦးသောဘိတအား သတ်မှုဖြင့် တရားစွဲဆိုခံထားရ သူ(၇)ဦးအား မိတ္ထီလာခရိုင် တရားရုံးမှ အနည်းဆုံးထောင်ဒဏ် (၂)နှစ်မှ တစ်သက် တစ်ကျွန်းထောင်ဒဏ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။
”တရားရုံးရဲ့ စစ်ဆေးမှုကလည်း ပွင့်လင်းတယ်။ တရားစီရင်တာလည်း ဥပဒေနဲ့ညီပါတယ်”ဟု တရားခံ ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
မိတ္ထီလာခရိုင်တရားရုံးက အဓိကတရားခံ မြတ်ကိုကို (ခ) အဏ္ဏဝါအား လူသတ်မှုဖြင့် ထောင်ဒဏ် (နှစ် ၂ဝ) တစ် သက်တစ်ကျွန်း၊ သာသနာ ညှိုနွ မ်းစေမှုဖြင့် ထောင် ဒဏ် (၂)နှစ်၊ ဆူပူမှုဖန်တီးမှုဖြင့် ထောင်ဒဏ် (၂) နှစ် စုစုပေါင်း ထောင်ဒဏ် (၂၄)နှစ် ချမှတ်ခဲ့သည်။ထို့အတူ လူသတ်မှုကို အားပေးကူညီမှု၊ သာသနာ ညှိုးနွမ်းစေမှု၊ ဆူပူမှုဖန်တီးမှု၊ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု တို့ဖြင့် တရားခံ မျိုးထွန်းထွန်းအား ထောင်ဒဏ် (၁၆)နှစ်၊ မျိုးချစ်(ခ) မျိုးညွန့်ဦးအား ထောင်ဒဏ် (၁၄) နှစ်၊ ဖိုးချိုအား ထောင်ဒဏ် (၂၈)နှစ်၊ ဇော်ထက်နိုင်အား ထောင်ဒဏ် (၄)နှစ်၊ မျိုးဝင်း(ခ) ဒါဂျိဂန် အား ထောင်ဒဏ် (၂) နှစ် အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။ထို့အပြင်အသက်မပြည့်သေးသည့် တရားခံညီညီနိုင် အား ကလေးသူငယ်တရား ရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။ မိတ္ထီလာပဋိပက္ခကြောင့် စုစုပေါင်း (၇၄) ဦးကိုဖမ်းဆီးကာ တရားဥပဒေအရ ရုံးတင် အမှုဖွင့်ထားပြီးစွဲချက်များတွင်လူသတ်မှု ကအများဆုံး ဖြစ် ကြောင်းမြို့နယ်ရဲမှူးကြီး မောင်မောင်သော်ကပြောသည်

from Aye Chan Mon fb

No comments:

Post a Comment