ကို--မောင်းလာသော ကက/၅၅၅၀ အငှားယာဉ်သည်မေ၂၂ ရက်နေ့ ၂၁၀၀ အချိန်က
လှိုင်သာယာတံတားဖြူမှတ်တိုင်တွင် လူ ၄ ဦးမှ
သိမ်ကြီးဈေးသို့လိုက်ပို့ရန်ငှားပြီးလုယက်မှုဖြစ်ပွားခဲ့သည်။
ကားမောင်းနှင်လာစဉ်
ဘုရားလမ်းမှတ်တိုင်မရောက်မီ မှောင်ရိပ်သို့အရောက် ရှေ့ခန်းတွင် ထိုင်သူမှ ယာဉ်မောင်း၏လည်ပင်းအား ဓါးနှင့် ထောက်ပြီးပိုက်ဆံတောင်းရာ မပေးနိုင်ကြောင်းပြောစဉ် နောက်ခန်းတွင်ထိုင်သူမှ ကားဒက်ရှ်ဘုတ် ပေါ်တင်ထားသော လက်ကိုင်ဖုန်းအားယူပြီး ပိုက်ဆံမပေးလျှင် သတ်ပစ်မည်ဟု ကြီမ်းမောင်းသဖြင့် ကားအားရပ်ပြီး ပါတ်ဝန်းကျင်သို့ အကူအညီတောင်းဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ၄ ဦးအနက် မောင်--် (၁၉)နှစ် (၇)ရပ်ကွက်၊ လှိုင်သာယာ နေသူအားဖမ်းဆီးရမိခဲ့သည်။ ကျန်(၃)ဦ့းအား လှိုင်သာယာရဲစခန်းလှည့်ကင်းအဖွဲ့မှ ဖမ်းဆီးရမိအရေးယူ ထားကြောင်းYangon Policeမှသိရသည်။
from Yangon Police

No comments:
Post a Comment