Tuesday, May 21, 2013

ရန်ကုန် ဘူတာကြီးအား နိုင်ငံတကာ အဆင့်မီ ဆောက်လုပ်မည်



မြန်မာနိုင်ငံ ရန်ကုန်မြို့၏ အကြီးမားဆုံးသော ရထားပို့ဆောင်ရေး ဘူတာရုံကြီး ဖြစ်သော ရန်ကုန်ဘူတာကြီးအား နိုင်ငံတကာ အဆင့်မီ အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ပြည်ပနိုင်ငံများရှိ ကုမ္ပဏီများအား တင်ဒါခေါ်ယူသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိတစ်ဦးမှ ပြောကြားခဲ့သည်။ “ရန်ကုန်မြို့တော်ရဲ့ အချက်အချာကျတဲ့နေရာ ဖြစ်သော ရန်ကုန်ဘူတာကြီးအား နိုင်ငံတကာ အဆင့်မီတဲ့ အဆောက်အအုံတစ်ခု ပေါ်ပေါက်လာစေဖို့အတွက် လက်ရှိ ဘူတာရုံကြီးအပေါ်မှာ အဆင့်မြင့် ဆောက်လုပ်သွားမှာ ဖြစ်ပြီး ပြည်ပနိုင်ငံတွေကို တင်ဒါခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။ နိုင်ငံတကာအဆင့်နဲ့ ကိုက်ညီတဲ့ အစည်းအဝေး ခန်းမများ၊ ဈေးဆိုင်ခန်းများ၊ နားနေဆောင်များ မော်တော်ယာဉ်များစွာ ရပ်နားနိုင်မယ့် ကားပါကင် နေရာများအပြင် အခြားသော လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဆောက်လုပ်သွားမည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ပြောကြားသည်။ ရန်ကုန်ဘူတာကြီးသည် အင်္ဂလိပ်ခေတ်မှ စတင်တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများသို့ နေ့စဉ် ပြေးဆွဲလျက်ရှိပြီး ရန်ကုန်မြို့တွင်း မြို့ပတ်ရထားများလည်း အချိန်နှင့်တစ်ပြေးညီ ပြေးဆွဲနေကြောင်း သိရှိရပြီး ရထားစီး ခရီးသည်များလည်း တစ်နေ့တခြား ပိုမိုများပြားလာကြောင်း သိရသည်။
from Aye Chan Mon

No comments:

Post a Comment