Thursday, May 30, 2013

"အိမ်သာတွင်းသို့ စွန့်ပစ် ခံရသည့် တရုတ် မွေးကင်းစ ကလေးကို ကယ်ဆယ်နိုင်ခဲ့"

တရုတ် နိုင်ငံတွင် အိမ်သာခွက် အတွင်း စွန့်ပစ်ခံရသည့် မွေးကင်းစ ကလေးငယ်အား မိလ္လာပိုက် အတွင်းမှ ပြန်လည် ကယ်ဆယ်နိုင် ခဲ့ကြောင်း တရုတ် မီဒီယာ များ၏ ဖော်ပြချက် အရ သိရသည်။


”ကံကောင်း ထောက်မစွာနဲ့ပဲ ကလေးငယ်ကို ကယ်ဆယ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်ကို စွန့်ပစ်တဲ့သူ တွေကိုတော့ လူသတ်ရန် ကြိုးစားမှု နဲ့ အမှုဖွင့် ထားပါတယ်” ဟု အမည်မဖော် လိုသူ ရဲအရာရှိ ၏ ပြောကြား ချက်ကို ကိုးကား၍ ရေးသား ဖော်ပြကြသည်။

တရုတ် နိုင်ငံ၏ အရှေ့ပိုင်း Zhejiang ခရိုင်တွင်း Jinhua အရပ် အဆောက်အအုံ တစ်ခု၏ လေးလွှာ မြောက် အိမ်သာခန်းတွင်းမှ နှစ်ရက် သားကလေးငယ် ငိုကြွေးသံကို ကြား သဖြင့် ပြည်သူများက မီးသတ်တပ်ဖွဲ့ ကို ဖုန်း ဆက် ခေါ်ယူခဲ့သည်ဟု ဆိုကြ သည်။

မီးသတ် သမားများ နှင့် ဆရာဝန် များက မိလ္လာပိုက်အား ဖြတ်တောက်ရန် အတွက် အချိန် တစ်နာရီခန့် ကြာပြီး နောက် အချင်းတန်းလန်း နှင့် မွေးကင်း စ ကလေးငယ်အား ကယ်တင်နိုင်ခဲ့ သည်။ ကလေးငယ်သည် မိလ္လာ ပိုက် အတွင်း ၂ နာရီကျော်ခန့် နေခဲ့ရသည် ဟုလည်းဆိုသည်။

ကိုယ်အလေးချိန် ၂ ဒသမ ၃ ကီ လိုဂရမ်ရှိ ယောက်ျားလေးသည် မျက်နှာ နှင့် ခြေလက် တို့တွင် ပြတ်ရာ၊ ရှရာများ ရှိနေပြီး နှလုံးခုန်နှုန်း မှာလည်း ပုံမှန် ထက် နှေးကွေးနေသဖြင့် ပေါင်းချောင် တွင် ထည့်၍ အထူး ဂရုစိုက် ကုသပေး ခဲ့ရာ ယခုအခါ ပုံမှန် အနေအထားသို့ ရောက်ရှိနေပြီဟု သိရသည်။

ရဲတပ်ဖွဲ့က ကလေးငယ်၏ မိဘ များကို ရှာဖွေလျက် ရှိပြီး ရိုးရာ ယဉ်ကျေး မှုအရ ‘သား’ ကို အလိုရှိသော တရုတ် နိုင်ငံတွင် အဘယ်ကြောင့် ဤကဲ့သို့ သားဖြစ်သူအား စွန့်ပစ်လိုသည်ကို မေးခွန်းထုတ်နေကြသည်။
တရုတ် နိုင်ငံ၏ တစ်အိမ်ထောင် ကလေး တစ်ယောက် ပေါ်လစီကြောင့် ကိုယ်ဝန် ဖျက်ချမှုများ ပိုမိုတိုးပွားလာနေ သည်ဟု သိရသည်။

from Popular Myanmar News Journal

No comments:

Post a Comment