Thursday, May 30, 2013

တောင် နှင့် အပြိုင် မြောက်ကိုရီးယား ကလည်း ကမ္ဘာ့အဆင့်မီ ရေခဲပြင် စကိတ်ကွင်း တည်ဆောက်နေ




တောင်ကိုရီးယား က ၂ဝ၁၈ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ လက်ခံ ကျင်းပရန် အတွက် ပြင်ဆင်နေသည့် နည်းတူ မြောက်ကိုရီးယား ကလည်း ကမ္ဘာ့ အဆင့်မီ စကိတ် အပန်းဖြေစခန်း တစ်ခု တည်ဆောက်နေကြောင်း သိရ သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က နိုင်ငံ၏ အရှေ့မြောက် အရပ်ရှိ မာဆစ်တောင်တန်းပေါ်မှ ကမ္ဘာ့ အဆင့်မီ ကစားကွင်း အပန်းဖြေစခန်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွား ရောက် စစ်ဆေး ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဆိုသည်။

ယခုနှစ်ကုန်တွင် လက်စသတ် နိုင်မည့် အဆိုပါ အပန်းဖြေအားကစား ကွင်းတွင် ဟိုတယ်တစ်လုံး၊ ဟယ်လီ ကော်ပတာကွင်း၊ ကောင်းကင် ကြိုးဆွဲ ကားနှင့် အရှည်မိုင် ၇ဝ ကျော်ရှိသည့် စကိတ် အားကစားမျိုးစုံ ကစားနိုင်မည့် ကွင်းပါ ရှိမည်ဟု KCNA က ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံတွင် ခေတ်ပညာ သင်ကြားခဲ့သော ကင်က ရေခဲပြင်စကိတ် ကွင်းသည် ကမ္ဘာ့ အဆင့်မီရုံမက ပို၍ စိတ်ဝင်စားဖွယ် များ တွေ့ရမည်ဟု ဆို သည်။

တောင်နှင့်မြောက်ကိုရီးယား နှစ် နိုင်ငံသည် ၂ဝဝဝ ခုနှစ် ဆစ်ဒနီနေ ရောသီ အိုလံပစ်နှင့် ၂ဝဝ၄ ခုနှစ် အေသင် အိုလံပစ် အတွက် အတူပူးတွဲ လေ့ကျင့် မှုရှိခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွာ လာသဖြင့် ၂ဝဝ၈ ပေကျင်း အိုလံ ပစ်နှင့် ၂ဝ၁၂ လန်ဒန် အိုလံပစ်တို့ အတွက် ပူးတွဲ လေ့ကျင့်မှု မရှိခဲ့ပေ။
from Popular Myanmar News Journal

No comments:

Post a Comment