မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းသည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာမှ
နိုင်ငံတကာ ခြေစမ်းပွဲများ ကစားရန် သတ်မှတ်ထားသည့် ဇွန်လ ၄ရက်တွင် သုဝဏ္ဏ
ဘောလုံးကွင်းတွင် စင်ကာပူ လက်ရွေးစင် ဘောလုံး အသင်းနှင့် ခြေစမ်းပွဲ
ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။
စင်ကာပူ လက်ရွေးစင် ဘောလုံး အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည့် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းကို တောင်ကြီးမြို့တွင် ၁၀ရက်ကြာ သွားရောက်လေ့ကျင့် ပြင်ဆင်ခဲ့ပြီး MNL All Stars အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့သည့် ပဏာမ ယူ-၂၃အသင်းမှ ကစားသမား အများအပြားနှင့် ၀ါရင့် ကစားသမားများကို ရွေးချယ် ဖွဲ့စည်းမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲချုပ် အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃အသင်း အတွက် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ပြင်ဆင်ခဲ့သည့် အပြင် မြန်မာ့ လက်ရွေးစင် အသင်း၏ ကမ္ဘာအဆင့် သတ်မှတ်ချက် လျော့ကျ မသွားစေရန် စင်ကာပူ လက်ရွေးစင် အသင်းအား ခြေစမ်းပွဲ ကစားနိုင်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို လာမည့် ဇွန်လ ၄ရက်နေ့ ညနေ ၅နာရီ အချိန်တွင် သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားမည် ဖြစ်ပြီး ကွင်းဝင်ကြေးကို ရိုးရိုးတန်း ၅၀၀ကျပ်၊ အထူးတန်း ၁၀၀၀ကျပ် သတ်မှတ်ထားသည်။ ထို့အတူ ပွဲကြည့် ပရိသတ်များ အဆင်ပြေရန် အတွက် မ.ထ.သ ယာဉ်လိုင်းများအား စီစဉ်ပေးသွားမည် ဖြစ်သည်။
ဆီးဂိမ်းစ် အတွက် ပြင်ဆင် လေ့ကျင့်လျက် ရှိသည့် မြန်မာယူ-၂၃ ဘောလုံး အသင်းသည် ဇွန်လ ၉ရက်နေ့တွင် ဗီယက်နမ် ထိပ်တန်း ကလပ် Dong Nai FC အသင်း၊ ဇွန်လ ၁၁ရက်နေ့တွင် ဗီယက်နမ် ယူ-၂၃ အသင်း တို့နှင့် ခြေစမ်းပွဲများ ဆက်လက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
စင်ကာပူ လက်ရွေးစင် ဘောလုံး အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည့် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းကို တောင်ကြီးမြို့တွင် ၁၀ရက်ကြာ သွားရောက်လေ့ကျင့် ပြင်ဆင်ခဲ့ပြီး MNL All Stars အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့သည့် ပဏာမ ယူ-၂၃အသင်းမှ ကစားသမား အများအပြားနှင့် ၀ါရင့် ကစားသမားများကို ရွေးချယ် ဖွဲ့စည်းမည် ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲချုပ် အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃အသင်း အတွက် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ပြင်ဆင်ခဲ့သည့် အပြင် မြန်မာ့ လက်ရွေးစင် အသင်း၏ ကမ္ဘာအဆင့် သတ်မှတ်ချက် လျော့ကျ မသွားစေရန် စင်ကာပူ လက်ရွေးစင် အသင်းအား ခြေစမ်းပွဲ ကစားနိုင်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို လာမည့် ဇွန်လ ၄ရက်နေ့ ညနေ ၅နာရီ အချိန်တွင် သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားမည် ဖြစ်ပြီး ကွင်းဝင်ကြေးကို ရိုးရိုးတန်း ၅၀၀ကျပ်၊ အထူးတန်း ၁၀၀၀ကျပ် သတ်မှတ်ထားသည်။ ထို့အတူ ပွဲကြည့် ပရိသတ်များ အဆင်ပြေရန် အတွက် မ.ထ.သ ယာဉ်လိုင်းများအား စီစဉ်ပေးသွားမည် ဖြစ်သည်။
ဆီးဂိမ်းစ် အတွက် ပြင်ဆင် လေ့ကျင့်လျက် ရှိသည့် မြန်မာယူ-၂၃ ဘောလုံး အသင်းသည် ဇွန်လ ၉ရက်နေ့တွင် ဗီယက်နမ် ထိပ်တန်း ကလပ် Dong Nai FC အသင်း၊ ဇွန်လ ၁၁ရက်နေ့တွင် ဗီယက်နမ် ယူ-၂၃ အသင်း တို့နှင့် ခြေစမ်းပွဲများ ဆက်လက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ခ
from Popular Journal
No comments:
Post a Comment