Monday, May 27, 2013

မော်ဝါဒီတွေချုံခိုတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေလို့ဆို


South Asia correspondent Michael Edwards, wires
အိန္ဒိယနိုင်ငံ ချာတစ်ဂါပြည်နယ်မှာ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးသမားတွေလိုက်ပါလာတဲ့ ယာဉ်တန်းတစ်ခုကို မနေ့က ရာနဲ့ချီတဲ့လက်နက်ကိုင်တွေက ချုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ရတဲ့အပေါ် အိန္ဒိယက အထင်ကရ နိုင်ငံရေးသမားတွေက ရှုတ်ချပြောဆိုလိုက်ကြပါတယ်။

ချုံခိုတက်ခိုက်ခဲ့ကြတဲ့ အင်အား ၃၀၀ လောက်ရှိတဲ့ လက်နက်ကိုင်တွေဟာ မော်ဝါဒီတွေဖြစ်မယ်လို့ သုံးသပ်ထားကြပြီး ဒီလက်နက်ကိုင်သူတွေက မြေမြုပ်မိုင်းတွေထောင်ထားခဲ့ပြီး သေနတ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့တဲ့အထဲမှာ ကွန်ဂရက်ပါတီရဲ့ ဒေသခံပါတီခေါင်းဆောင်နဲ့ သားဖြစ်သူတို့ပါဝင်သလို ရဲ ၅ ယောက်လည်း အသက်ဆုံးခဲ့ရပါတယ်။ ဗဟိုအစိုးရအဆင့် ဝန်ကြီးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရခဲ့သူတွေဆီကို အိန္ဒိယဝန်ကြီးချုပ် မာမိုဟန်ဆင်းနဲ့ ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီတို့ သွားရောက်အားပေးခဲ့ကြပြီး ဆိုနီယာဂန္ဒီက သူမအနေနဲ့ အထူးဝမ်းနည်းတုန်လှုပ်ရကြောင်း ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ် မာမိုဟန်ဆင်းကတော့ မနေ့က ချုံခိုတိုက်ခိုက်မှုဟာ အရိုင်းအစိုင်းဆန်ဆန် ဆိုးရွားတဲ့တိုက်ခိုက်မှုဖြစ်တယ်လို့ ရှုတ်ချပြောဆိုလိုက်ပါတယ်။
from Kachin Daily News

No comments:

Post a Comment