၂၀-၅-၂၀၁၃ ရက်နေ့ ၁၁၅၀ အချိန် ကချင်ပြည်နယ်၊
ဖားကန့်မြို့နယ်၊ လုံးခင်းတိုက်နယ် ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာရသူ ၄ ဦး
ရောက်ရှိနေကြောင်းသတင်းအရ လုံးခင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ
ဖားကန့်မြို့နယ်၊ ကုဋေကျေးရွာနေ ဦးအားစင်(၃၀)နှစ်တွင် ၀ဲဘက်ဝမ်းဗိုက်ပေါက်ပြဲ၊ ၀ဲနောက်ကြောပေါက်ပြဲဒဏ်ရာများနှင့်
တစ်ရွာတည်းနေ ဦးလတောင်(၄၈)နှစ် ပါ ၃ ဦးတို့တွင် ၀ဲ/ယာပေါင်ပေါက်ပြဲ၊
ဝမ်းဗိုက်ပေါက်ပြဲ၊ ၀ဲ/ယာခြေထောက်ပေါက်ပြဲ၊ ၀ဲလက်သူကြွယ် ပွန်းပဲ့ဒဏ်ရာများ
အသီးသီးရရှိကြောင်း တွေ့ရှိရသည်။
စစ်ဆေးချက်အရ ယင်းနေ့ ၁၁၀၀ အချိန် အလယ်စခန်းကျေးရွာရှိ
ဦးလတောင်၏ နေအိမ်မီးဖိုချောင်အဟောင်းအား ဦးအားစင် ပါ ၄ ဦးမှ
ပြန်လည်ပြုပြင်ရန်အတွက် မြေကျင်းတူးရာ မြေကြီးထဲမှဗုံးသီးဟောင်း ၁
လုံးထွက်ပေါ်လာသဖြင့် ၀ိုင်းဝန်းကြည့်ရှုနေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး
ဒဏ်ရာများအသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
from ရဲဇာနည်
No comments:
Post a Comment