ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းကပေးသော ပညာသင်ဆုဖြင့် ကော်စတာရီကာနိုင်ငံရှိ
ငြိမ်းချမ်းရေးတက္ကသိုလ် (University of Peace) တွင် ဘွဲ့လွန်သင်တန်းများ ဆက်လက်သင်ကြားရေးနှင့်
ပတ်သက်ပြီး တက္ကသိုလ် ကိုယ်စားလှယ်များကိုယ်တိုင် ပထမဆုံးအကြိမ် လာရောက်ဟောပြောရန် ရှိကြောင်း ကျောင်းဝင်ခွင့် တာဝန်ခံက
The Voice သို့ ပြောကြားသည်။
ဟောပြောပွဲများကို မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်နှင့်
ကမ္ဘောဒီးယား နိုင်ငံတို့တွင်လည်း ကျင်းပသွားရန် စီစဉ်ထားပြီး ရန်ကုန်မြို့တော်တွင်
ဇွန်လ ၁၄ ရက်နေ့၌ ဝင်ခွင့် ဟောပြောပွဲ နှင့် ဇူလိုင်လ ၂၈ ရက်နေ့တွင် အင်္ဂလိပ်စာ ဝင်ခွင့်စာမေးပွဲများ
စစ်ဆေးပေးမည်ဖြစ်ကြောင်း၊ နေရာအတိအကျကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ကြေညာထားသည်။ရန်ကုန်မြို့တော်တွင် ကျင်းပမည့် ဟောပြောပွဲကို ငြိမ်းချမ်းရေး တက္ကသိုလ်နှင့် အတူ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Ateneo de Manila တက္ကသိုလ်တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။အဆိုပါတက္ကသိုလ်တွင် ၂၀၀၉ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ ပညာသင်ကြား ခဲ့ဖူးသော မြန်မာလူငယ် ၁၀ ဦးရှိပြီး အများစုက နိုင်ငံတကာငြိမ်းချမ်းရေးဘာသာ ဘွဲ့လွန်သင်တန်းကို ရွေးချယ်တက်ရောက်ကြသည်။
ငြိမ်းချမ်းရေး တက္ကသိုလ်ကို ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာတွင် ကုလသမဂ္ဂနှင့် သဘောတူ လက်မှတ်ရေးထိုးပြီး စတင်ဖွင့်လှစ်ခဲ့ရာ ပုံမှန် ဘွဲ့လွန်အထူးပြု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ် ၁၁ ခုရှိပြီး အခြားအထူးပြုဘာသာရပ် သင်တန်း၊ ပါရဂူ အဆင့်သင်တန်းနှင့် အဝေးသင် သင်တန်းများလည်း ရွေးချယ်သင်ကြားနိုင်သည်။
From The Voice Weekly
No comments:
Post a Comment