Thursday, May 30, 2013

နိုင်ငံတကာလေကြောင်းလိုင်း မန္တလေးတိုက်ရိုက်ပြေးဆွဲလာပြီးနောက် ပြည်တွင်းလိုင်းများ ခရီးသည် ထက်ဝက်လျော့ကျ



Air Asia လေကြောင်းလိုင်းအား မန္တလေးအထိ တိုက်ရိုက်ခရီးစဉ်များကို ပျံသန်းခွင့်ပြုလိုက်ပြီး နှစ်ဝက်အတွင်း ပြည်တွင်းလေကြောင်းလိုင်းများ၏ မန္တလေးခရီးစဉ် ခရီးသည်ရရှိမှု ထက်ဝက်ခန့်ကျဆင်းသွားပြီဖြစ်ကြောင်း
ပြည်တွင်းလေကြောင်း လိုင်းများမှ တာဝန်ရှိသူများက မဇ္ဈိမသို့ ပြောကြားသည်။

A ir Asia လေကြောင်းလိုင်းသည် ခရီးသည်ဦးရေ ၄ဝဝ အထိ စီးနင်းနိုင်သော လေယာဉ်များဖြင့် ပြည်ပမှ မန္တလေးသို့ တိုက်ရိုက် ပျံသန်းနေသည့်အပြင် MAI ၊ Golden Myanmar စသည့်လေကြောင်းလိုင်းများကလည်း မလေးရှား-မန္တလေး၊ ဘန်ကောက်မန္တလေးစသည့် တိုက်ရိုက်ခရီးစဉ်များကို ပြေးဆွဲလျှက်ရှိကြောင်း ယင်းတို့က ဆက်လက်ပြောကြားသည်။
မြန်မာ့လေကြောင်းလိုင်းမှ အကြီးပိုင်းအရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးထွန်းတင်အေးက ''အဓိကအကြောင်းကတော့
လေယာဉ်အကြီးစားတွေနဲ့ မန္တလေး-မလေးရှား၊ မန္တလေး-ဘန်ကောက်ခရီးစဉ်တွေကို တိုက်ရိုက်ဝင်ရောက် ပေးဆွဲလိုက်တော့ ရန်ကုန်-မန္တလေးကိုစီးတဲ့ ခရီးသည်ဦးရေက ကျသွားတယ်။ မြန်မာ့လေကြောင်းလိုင်းမှာ ဆိုရင် အရင်က လူ ၇ဝ စီးလို့ရတဲ့လေယာဉ်က အခုဆိုရင် ၄ဝ လောက် ၃ဝ လောက်ပဲပါတော့တယ်။ ခရီးသည် ထက်ဝက်နီးပါးလောက် ကျသွားတာပေါ့'' ဟု ပြောသည်။

ပြည်တွင်းလေကြောင်းလိုင်းအနေဖြင့် ရန်ကုန်မှ မန္တလေးသို့ တိုက်ရိုက်လိုင်းအပြင် အခြားခရီးစဉ်များနှင့်လည်း တစ်ဆင့်ခံ ပြေးဆွဲလျက်ရှိခြင်းကြောင့်လည်း ရန်ကုန် -မန္တလေး ခရီးစဉ်များတွင် ခရီးသည်လျှော့ နည်းလာခြင်းဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိ သူများက ဆက်လက်ပြောကြားသည်။

MAI လေကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်အေးမရသာက ''အခု လေကြောင်းလိုင်းအသစ်တွေ ထပ်တိုးထားတော့ ရန်ကုန်-မန္တလေး ခရီးစဉ်ကို ဘယ်ခရီးစဉ်မှာပဲဖြစ်ဖြစ် စီးလို့ရနေတာလည်း တစ်ကြောင်းပါတယ်။ နည်းတာ ကတော့ လေကြောင်းလိုင်း အားလုံးရဲ့ ရန်ကုန်-မန္တလေး သီးခြားခရီးစဉ်ပြေးဆွဲတဲ့လိုင်းတိုင်းကို ခရီးသည်နည်း လိမ့်မယ်ထင်တယ်။ MA I ဆိုရင်လည်း ၃ဝ ရာခိုင်နှုန်းကျော် လောက်ကျသွားတယ်''ဟု မဇ္ဈိမကို ပြောသည်။

from Mizzima

No comments:

Post a Comment