မြန်မာနိုင်ငံအတွင်း၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမည့်
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ ဆွေးနွေးပွဲအတွက်
ကေအိုင်အိုနည်းပညာရှင် ငါးဦး မေလ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ
ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
"ဆွေးနွေးပွဲ လုပ်တဲ့အချိန်မှာ အပြင်နဲ့ အဆက်အသွယ်မပြတ်အောင်
အင်တာနက်လိုင်းတွေ မပြတ်တောက်ဖို့ လာရောက်ပြင်ဆင်တာပါ" ဟု ၄င်းက ဆိုသည်။အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ဆွေး နွေးပွဲတွင် ကေအိုင်အိုဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ဆိုင်းနှင့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် ရှစ်ဦး တက်ရောက်မည် ဖြစ်သည်။
ယင်းဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီယားလည်း လေ့လာသူအဖြစ် တက်ရောက်မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ ထံမှ သိရသည်။
From The Voice Weekly
No comments:
Post a Comment