Monday, May 27, 2013

USAID ၊ P & G နှင့် ကလင်တန်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ မြန်မာကျန်းမာရေး ၀ိုင်းကူမည်


အမေရိကန်အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးပံ့ပိုးကူညီမှု အဖွဲ့ ( USAID ) အမေရိကန် ကုမ္ပဏီဖြစ်သော Procter & Gamble ( P & G )နှင့်အမေရိကန် သမ္မတဟောင်း ကလင်တန်၏ သမီးတည်ထောင်ထားသည့် ကလင်တန် ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍတွင် ၀ိုင်းဝန်းကူညီရန် သဘောတူ လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်းက ဆီဒိုးနား ဟိုတယ်၌ ကျင်းပခဲ့သည်။

ထိုအခမ်းအနား သို့ ကလင်တန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စစ် ချယ်လ်စီးကလင်တန် ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်လ် ၊ P & G ကုမ္ပဏီ ဥက္ကဌ Greg All Good ၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွှန်ချုပ် ဦးစိုးအောင် နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
from Kachin Daily News fb

No comments:

Post a Comment