Thursday, May 30, 2013

လူကုန်ကူးသူ (၂) ဦးအား အရေးယူ

၂၀.၄.၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် ရွှေပြည်သာမြို့နယ်နေ
မသီတာနှင့် မဇင်မာထွန်းတို့အား မမာမာဦး
(ဘ) ဦးစံသိန်း ရွှေပြည်သာမြို့နယ်နေသူနှင့် မအငယ်လေး
(ဘ) ဦးခင်ညို၊ ရွှေပြည်သာနေသူတို့နှစ်ဦးမှ လားရှိုးမြို့တွင် အိမ်ဖော်လုပ်ကိုင်ရမည်ဖြစ်ပြီး ၁ လလျှင်


ငွေ ၅ သိန်းရရှိမည်ဟုပြောဆိုခေါ်ဆောင်သွားရာ လားရှိုးမြို့မှ
တစ်ဆင့် တရုတ်နိုင်ငံ၊ မုံတိန်မြို့ရှိ မြန်မာနိုင်ငံသား ဖိုးသားဆိုသူနေအိမ်သို့ပို့ဆောင် ခံခဲ့ရပြီး တရုတ်အမျိုးသမီးထံ
တစ်ဦးလျှင် ၅ သိန်းကျပ်ဖြင့် ရောင်းချခံခဲ့ရကြောင်း၊ လာရောက်ခေါ်ဆောင်သည့်တရုတ်အမျိုးသမီးနှင့်မသီတာတို့ စကားများရာမှ တရုတ်ရဲစခန်းတစ်ခုသို့ ရောက်ရှိကာ အဆိုပါရဲစခန်း၏အကူအညီဖြင့် မသီတာမှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း
မဇင်မာထွန်းမှာ တရုတ်နိုင်ငံတွင် ကျန်ရှိနေခဲ့သဖြင့်
၎င်းတို့၂ဦးအား တရုတ်နိုင်ငံ သို့လိမ်လည်၍ရောင်းချခဲ့သူ
မမာမာဦး နှင့် မအငယ်လေးတို့အား အရေးယူပေးရန် တိုင်တန်းသဖြင့် လှော်ကားနယ်မြေရဲစခန်းမှ ဖမ်းဆီးရမိအရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

from Yangon Police

No comments:

Post a Comment