Wednesday, May 22, 2013

၄၃လိုင်းကားပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်ထံမှ ငွေနှင့် စိစစ်ရေးကဒ်ပြား နှိုက်ယူခဲ့သည့် ခါးပိုက်နှိုက်အားဖမ်းဆီးရမိ

Photo: ၄၃လိုင်းကားပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်ထံမှ 
 ငွေနှင့် စိစစ်ရေးကဒ်ပြား
 နှိုက်ယူခဲ့သည့် ခါးပိုက်နှိုက်အားဖမ်းဆီးရမိ

ရန်ကုန-်မေ၂၃

၄၃လိုင်းကားပေါ်တွင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှငွေနှင့် စိစစ်ရေးကဒ်ပြား နှိုက်ယူခဲ့သည့် 
ခါးပိုက်နှိုက်အားဖမ်းဆီးရမိပြီဟု Yangon Police facebook မှသိရသည်။
ဖြစ်စဉ်မှာ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်
 ဒေါ်မိရင်ချွမ်းသည်ပြီးခဲ့သော ဧပြီ၂ရက်က
 အောင်မင်္ဂလာ အဝေးပြေးမှ လှည်းတန်းသို့ ၄၃လိုင်း ဒိုင်နာအဖြူရောင်ကားစီးလာရာ ကားစီးပေါ်တွင်
 ငွေကျပ်(၆)သိန်းနှင့် စိစစ်ရေးကဒ်ပြား ပျောက်ဆုံးခဲ့သဖြင့် အရေးယူပေးပါရန်မရမ်းကုန်းရဲစခန်းသို့ တိုင်တန်းခဲ့သည်။ 
အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူအဖွဲ့မှစုံစမ်းလျက်ရှိရာ
 ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ မောင်-- (၉၃) ရပ်ကွက်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် နေသူအား
 မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေးတွင်ဖမ်းဆီး ရမိသဖြင့် ခါးပိုက်နှိုက်မှုလက်ကျန်များနှင့်တိုက်ဆိုင်စစ်ဆေးရာ
 လွန်ခဲ့သော ဧပြီလအတွင်း ၄၃ လိုင်းကား ပေါ်တွင် အမျိုးသမီးတစ်ဦးထံမှ ငွေ(၆)သိန်း နှိုက်ယူရရှိခဲ့ကြောင်း၊ပိုက်ဆံအိတ်နှင့် စိစစ်ရေးကဒ် 
တို့အား သမိုင်းကုန်းတံတားပေါ်မှ လွှင့်ပစ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
 နှိုက်ယူရရှိငွေဖြင့် ၀ယ်ယူ ထားသည့် FOLLOW ME WAVE 125 အဖြူရောင်ဆိုင်ကယ်အား သိမ်းဆည်းရမိပြီး
အရေးယူထားကြောငှ်းYangon Policeမှသိရသည်။ ၄၃လိုင်းကားပေါ်တွင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှငွေနှင့် စိစစ်ရေးကဒ်ပြား နှိုက်ယူခဲ့သည့်
ခါးပိုက်နှိုက်အားဖမ်းဆီးရမိပြီဟု Yangon Police facebook မှသိရသည်။
ဖြစ်စဉ်မှာ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်

ဒေါ်မိရင်ချွမ်းသည်ပြီးခဲ့သော ဧပြီ၂ရက်က
အောင်မင်္ဂလာ အဝေးပြေးမှ လှည်းတန်းသို့ ၄၃လိုင်း ဒိုင်နာအဖြူရောင်ကားစီးလာရာ ကားစီးပေါ်တွင်
ငွေကျပ်(၆)သိန်းနှင့် စိစစ်ရေးကဒ်ပြား ပျောက်ဆုံးခဲ့သဖြင့် အရေးယူပေးပါရန်မရမ်းကုန်းရဲစခန်းသို့ တိုင်တန်းခဲ့သည်။
အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူအဖွဲ့မှစုံစမ်းလျက်ရှိရာ
ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ မောင်-- (၉၃) ရပ်ကွက်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် နေသူအား
မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေးတွင်ဖမ်းဆီး ရမိသဖြင့် ခါးပိုက်နှိုက်မှုလက်ကျန်များနှင့်တိုက်ဆိုင်စစ်ဆေးရာ
လွန်ခဲ့သော ဧပြီလအတွင်း ၄၃ လိုင်းကား ပေါ်တွင် အမျိုးသမီးတစ်ဦးထံမှ ငွေ(၆)သိန်း နှိုက်ယူရရှိခဲ့ကြောင်း၊ပိုက်ဆံအိတ်နှင့် စိစစ်ရေးကဒ်
တို့အား သမိုင်းကုန်းတံတားပေါ်မှ လွှင့်ပစ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
နှိုက်ယူရရှိငွေဖြင့် ၀ယ်ယူ ထားသည့် FOLLOW ME WAVE 125 အဖြူရောင်ဆိုင်ကယ်အား သိမ်းဆည်းရမိပြီး
အရေးယူထားကြောငှ်းYangon Policeမှသိရသည်။
from Popular Myanmar News Journal

No comments:

Post a Comment