Thursday, May 30, 2013

မန်ယူကစားသမားဟောင်းများပါဝင်မည့် ရံပုံငွေခြေစမ်းပွဲ လူစာရင်းထုတ်ပြန်


မန်ယူကစားသမားဟောင်းများပါဝင်မည့် မြန်မာ့လက်ရွေးစင် စီနီယာအသင်းနှင့် နေရှင်နယ်လိဂ် နိုင်ငံခြားသားအသင်းတို့ ရံပုံငွေခြေစမ်းပွဲကို လာမည့် ဇွန် ၉ ရက်တွင် သုဝဏ္ဏကွင်း၌ ကစားမည်ဖြစ်ပြီး အသင်းနှစ်သင်းတွင် ပါဝင်ကစားကြမည့် ကစားသမားများစာရင်း ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေညာ ခဲ့သည်။
မြန်မာ့လက်ရွေးစင် စီနီယာအသင်းကို နည်းပြချုပ်အဖြစ် ချင်းယူနိုက်တက် အသင်းနည်းပြ ဦးဆန်းဝင်းမှ တာဝန်ယူမည်ဖြစ်ပြီး လက်ရွေးစင်ကစားသမားအများစု ပါဝင်သည်။ ထို့အပြင် မန်ယူကစားသမား ဟောင်းများဖြစ်သည့် အန်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ လီရှပ်၊ ကလေတန် ဘလက်မိုးတို့လည်း အားဖြည့်ပါဝင်ကစားမည် ဖြစ်သည်။ နေရှင်နယ်လိဂ် နိုင်ငံခြားသားအသင်း တွင် မြန်မာနေရှင်နယ်လိဂ်တွင် ကစားနေသည့် နိုင်ငံခြားကစားသမားများ (ဂိုးသမားမှအပ) ဖြင့် စုဖွဲ့ထားပြီး အသင်းနည်းပြချုပ်အဖြစ် ကမ္ဘောဇအသင်းနည်းပြ ဆီဗာဂျီမှ တာဝန်ယူမည် ဖြစ်သည်။
ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးကို ရိုးရိုးတန်း ၅ဝဝ ကျပ်၊ အထူးတန်း ၁,ဝဝဝ ကျပ် သတ်မှတ်ထားပြီး ရရှိလာသည့် ကွင်းဝင်ကြေးများကို လှုမှုရေးလုပ်ငန်းများသို့ လှူဒါန်းသွားမည် ဖြစ်သည်။
from Mizzima

No comments:

Post a Comment