Thursday, May 30, 2013

Graffiti သမား အာကာကျော်အား မရမ်းကုန်းစည်ပင် မှ တရားစွဲ



မြန်မာ Graffiti အနုပညာသည် အာကာကျော်အား ယနေ့တွင် မရမ်းကုန်း မြို့နယ် စည်ပင်ရုံးမှ အမှုဖွင့် တရားစွဲဆို လိုက်ကြောင်း ၄င်း၏ ပြောကြားချက်အရသိရသည်။

မနေ့ညက ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန် ရယက ရုံးက ခေါ်တာ နဲ့သွားတော့ မရမ်းကုန်းစည်ပင်က တရားစွဲထားကြောင်း နဲ့မနက် ပြန်လာ ဖြေရှင်းဖို့ ပြောမှ ကျွန်တော့်ကို တရားစွဲထားမှန်း သိရတယ်။စည်ပင်က တော့ ကျွန်တော်တို့ အခု စည်ပင်ဥပဒေနဲ့ပဲ တရားစွဲထားပြီး မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူး ရဲ့ပြောကြားချက် အရတော့ အကြမ်းဖျင်း ဒဏ်ငွေ ဆောင်ရမယ်လို့ တော့ သိထားတယ် ဟု ၄င်းကဆိုသည်။

ကိုအာကာကျော် အနေဖြင့် သမ္မတ ဦးသိန်းစိန်၏ Graffiti ပုံကို သမ္မတကြီး၏ နိုင်ငံတကာငြိမ်းချမ်းရေး ဆုသွားရောက်လက်ခံ ယူနေစဉ် ခရီးစဉ်အတွင်း ကမ္ဘာအေး ဘုရားလမ်းပေါ်၌ ရေးဆွဲခဲ့ခြင်းဖြစ်သည်။
from Popular Myanmar News Journal

 

No comments:

Post a Comment