Saturday, May 25, 2013

သီလ၀ါ အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ရေး ဂျပန်နှင့် မြန်မာ အစိုးရ အကြား MOU ရေးထိုး



ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ သီလ၀ါ အထူးစီးပွားရေးဇုန်တည်ဆောက်ရေး အတွက် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးပွဲကို ယနေ့နံနက်ပိုင်း က သီလ၀ါ အထူးစီးပွားရေးဇုန် ၌ ကျင်းပခဲ့သည်။
ထိုသဘောတူ လတ်မှတ်ရေးထိုးပွဲကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပြီး ယခုနှစ်အောက်တိုဘာလ အတွင်းတည်ဆောက်မှု လုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်း ၊ အဆိုပါ အထူးစီးပွားရေးဇုန် ၌ မြန်မာ - ဂျပန် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များ ပူးပေါင်းကာ သယ်ယူပို့ဆောင်ရေး ၊ စွမ်းအင်ဆိုင်ရာ များဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ သီလ၀ါ အထူးစီးပွားရေးဇုန်ဖြစ် ထွန်းအောင်မြင်ရေးအတွက် ဧက ၄၀၀ အား ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံခွင့် ပြုထားကြောင်း နှင့် လတ်တလောအရ သီလ၀ါအထူးစီးပွားရေးဇုန် ၌ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံမှုမှာ ၅၁ ရာခိုင်နှုန်း ရှိပြီး ဂျပန်နိုင်ငံရှိစီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံမှုမှာ ၄၉ ရာခိုင်နှုန်း ရှိကြောင်း ကုန်သည် / စက်မှု အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။
From Popular Myanmar News Journal

No comments:

Post a Comment