ဒဂုံမြို့သစ်တောင်ပိုင်း ( ၁၀၄ )ရပ်ကွက် အတွင်း ညစဉ်အမှုအခင်းများ
ဖြစ်ပွားလျက်ရှိကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က
ပြောသည်။
“အမဲရောင် နယ်မြေသဘောမျိုးဖြစ်နေတယ်” ဟု ၄င်းကပြောသည်။
၁၀၄ ရပ်ကွက် တွင် မိမိရပ်ကွက် အုပ်ချုပ်ရေးမှူးလုပ်စ တွင် တစ်ညလျှင် ၅မှုမှ ၁၀ မှုအထိ ဖြစ်နေကြောင်း ၊ ခိုးမှု ၊ လုယက်မှု ၊ မူးယစ်ရမ်းကားမှု ၊ရိုက်မှု စသည့် ပြစ်မှု များဖြစ်ပွားကြောင်း ၊နည်းဥပဒေအတိုင်း အုပ်ချုပ်သည့် အတွက် ယခင် နှင့် စာလျှင်အမှုများ လျော့နည်းလာကြောင်း ၄င်းကဆိုသည်။
“ကျွန်တော် ဒီရပ်ကွက်မှာနေတာ ၁၇ နှစ်ရှိပြီး ကျွန်တော့ ရပ်ကွက်က အင်မတန်ဆိုးတဲ့ ရပ်ကွက်ဖြစ်တယ်။ စရိုက်တွေများတယ် ၊ ဆိုးတဲ့မိုက်တဲ့ ရမ်းကားတဲ့သူတွေများတယ်” ဟု အုပ်ချုပ်ရေးမှူးသက်တမ်း ငါးလ ရှိ ဦးစိုးတင့် ကပြောသည်။
ဒဂုံမြို့သစ်တောင်ပိုင်းတွင် ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်ရှိပြီး ၁၀၄ ရပ်ကွက်တွင် အိမ်ခြေပေါင်း ၂၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
from Popular Myanmar News Journal

No comments:
Post a Comment